မြန်မာနိုင်ငံတွင် သြဂုတ် ၂၄ ရက်က အင်အားရစ်ခ်ျတာစကေး ၆ ဒဿမ ၈ အဆင့်ရှိ ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခြင်းမရှိ၍ ပြင်းအားအနည်းဆုံး ၇ အဆင့်ရှိ ငလျင်ကြီးတစ်ရပ် မြန်မာနိုင်ငံတွင် ထပ်လှုပ်နိုင်ရာ ထိုင်းနိုင်ငံပါ ယင်းငလျင်ကြီး ဒဏ်ကို ခံစားလာရနိုင်ကြောင်း အကြီးတန်းဘူမိပညာရှင်တစ်ဦးက သတိပေးထားကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြသည်။
ထိုင်းနိုင်ငံ တွင်းထွက်သတ္ထုသဘာဝရင်းမြစ်ဌာန တာဝန်ရှိသူများက ငလျင်ငယ်များ ဖြစ်ပေါ်နိုင်ကြောင့် သတိပေးထားသည်။ နောက်ဆက်တွဲငလျင်လှုပ်ခြင်း မရှိ၍ ပြင်းအား ၇ အဆင့်ရှိ ငလျင်ဖြစ်ပေါ်နိုင်ကြောင်း ပြတ်ရွှေ့ကြောင်းလှုပ်ရှားမှုဌာန ဥက္ကဌဖြစ်သူ ဆူဝတ်ခိုဆူဝန်က ပြောသည်။
ထိုကဲ့သို့သော ငလျင်ကြီးလှုပ်ပါက ထိုင်းနိုင်ငံလည်း ဒဏ်ခံကြုံတွေ့ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
လက်ရှိတွင် သြဂုတ် ၂၄ ရက်က ငလျင်လှုပ်မှုကို ဖြစ်ပေါ်စေခဲ့သော Arakan(အာရကန်)ပြတ်ရွှေ့ကြောကို ထိုဌာနက စောင့်ကြည့်လျက်ရှိနေသည်။ အင်အား ၅ ဒဿမ ၁ မှ ၆ ရစ်ခ်ျတာစကေးကြား နောက်ဆက်တွဲငလျင်ဖြစ်ပေါ်ပါမှ ယင်းပြတ်ရွှေ့ကြောင်း လှုပ်ရှားမှု ရပ်တန့်မည်ဖြစ်ကြောင်း ဆူဝတ်ခိုဆူဝန်က ပြောသည်။
သြဂုတ် ၂၄ ရက်က ငလျင်ကြီးမလှုပ်မီ ရှေ့ပြေးငလျင်ငယ် သုံးကြိမ်လှုပ်ခဲ့ကြောင်း၊ နောက်ဆက်တွဲငလျင်ငယ် မလှုပ်ခြင်းက ထူးခြားနေကြောင်း ၎င်းက ဆိုသည်။
============
Mizzima - News in Burmese

0 comments:

Post a Comment

 
Top