နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ မြေငလျင်ဒဏ်ခံခဲ့ရတဲ့ ပုဂံမြို့ကို နေ့ချင်းပြန်သွားဖို့ နေပြည်တော်လေဆိပ်ကို သွားရောက်နေပါတယ်။
သမ္မတဟာ မနေ့ညနေပိုင်းက ပုဂံမြို့ရဲ့ ၂၁ မိုင်အကွာ ချောက်မြို့အနီးကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြိုကျသွားခဲ့တဲ့ စေတီပုထိုးတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးမှာဖြစ်ပါတယ်။
လတ်တလောမှာ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသအတွင်းက စေတီပုထိုး ၂ဝဝ နီးပါးလောက် ပျက်စီးသွားတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီစေတီတွေထဲမှာ အေဒီ ၁၁၈၃ ခုနှစ်က နရပတေ့စည်သူမင်း တည်ထားခဲ့တဲ့ စူဠာမဏိစေတီရဲ့ အပေါ်ပိုင်းတစ်ခုလုံး ပြိုကျခဲ့ပါတယ်။
Photo : Myo Thant Kaing/RFA

0 comments:

Post a Comment

 
Top