တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်သူများအတွက် ဘာသာရပ်ဆိုင်ရာများကို
လေ့လာနိုင်သော ၀က်ဘ်ဆိုဒ်တစ်ခုကို လွှင့်တင်ထားပြီး ၀င်ရောက်
လေ့လာမှုများ ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ထိုဝက်ဘ်ဆိုဒ်ကိုရေးဆွဲခဲ့သော Jupiter Online Education Service မှ Chief Executive officer ကိုအောင်ကျော်မျိုးက ပြောကြားခဲ့သည်။ထိုဝက်ဘ်ဆိုဒ်တွင် www.mmcloudschooling.com ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်
သူများအတွက် ဘာသာရပ်အလိုက် လေ့လာနိုင်မည်ဖြစ်ကာ လေ့ကျင့်ခန်း
များပြုလုပ်လိုပါကမူ ငွေဖြည့်ကတ်ဖြည့်သွင်းကာ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ကိုအောင်ကျော်မျိုးက ပြောကြားရာတွင် “ကလေးတွေအတွက် သင်ရိုးညွှန်း
တမ်းကို အလွတ်ကျက်မှတ်ခြင်းကကျော်လွန်နိုင်မည်ဖြစ်ကြောင်း၊
နာမည်ကြီးစာရေးဆရာများဆီက စာမူလည်းတောင်းထားပြီး နောက်ပိုင်း
ကို လေ့ကျင့်ခန်းများပါ ၀င်ရောက်ပြုလုပ် နိုင်ရန်စီစဉ်ထားကြောင်းသိရသည်။
ထိုဝက်ဘ်ဆိုဒ်ကို ၂၀၁၃ ခုနှစ် မတ်လကပင်စတင်ရေးဆွဲခဲ့ကာ တက္ကသိုလ် ၀င်တန်းကျောင်းသားများကို အလွတ်ကျက်သောအလေ့အထမှကျော်လွန်
နိုင်စေရန် ရည်ရွယ်ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟုပြော ကြားခဲ့သည်။
ထိုဝက်ဘ်ဆိုဒ်သည် လက်ရှိတွင်သင်ခန်းစာများကို စုဆောင်းနေသော
အဆင့်တွင်သာရှိနေသေးပြီး လေ့ကျင့်ခန်းပြုလုပ်လိုသူများအတွက် နှစ်စဉ်
ကြေးကျပ် ၅၀၀၀ ပေးသွင်းရမည်ဖြစ်သည်။ ငွေဖြည့်ကတ်ကို နောက်ပိုင်း
တွင် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။ “သင်ရိုးညွှန်းတမ်းတွေ
ကို ဖော်ပြထားတာမဟုတ်ဘဲ သင်ရိုးညွှန်းတမ်းကို အခြေခံပြီး တွေးခေါ်စဉ်း
စားနိုင်စွမ်းရှိအောင်လုပ်ပေးတဲ့ ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်ကြောင်း”သိရသည်။
လေ့ကျင့်ခန်းပြု လုပ်သော ကျောင်းသားများ၏လေ့ကျင့်မှုများကို မှတ်တမ်းထားရှိကာ နှစ်ကုန်တွင် အထူးချွန်ဆုံးကျောင်းသားများ
ကို ရွေးချယ်ကာ ဆုများပေးအပ်သွားမည်ဖြစ်သည်။ လေ့ကျင့်ခန်း
စတင်လုပ်ဆောင်ရာတွင် ကြာမြင့်သည့်အချိန်နှင့် အဖြေမှန်ကန်မှုများ
စသော အချက်အလက်များနှင့် ရွေးချယ်ကာ ဆုပေးအပ်မည်ဖြစ်ကြောင်း
သိရသည်။

SkyNet TV
credit to;MMcities

0 comments:

Post a Comment

 
Top