အမေရိ ကန်မှာ နှစ်စဉ် အူနဲ့ သက်ဆိုင်တဲ့ ရောဂါ ကြောင့် လူဦးရေ ၁၄၀၀၀ သေဆုံးနေတာကြောင့် အမေရိကန်က ဆေးပညာ ရှင်တွေ၊ ဆရာဝန် တွေ ခေါင်းစား ခဲ့ကြ ပါတယ်။ ၂၀၁၃ အောက်တို ဘာလ မှာတော့ အဖြေကောင်း တစ်ခု ရရှိခဲ့ ပါတယ်။ ယင်းကတော့ လူ့မစင်ကို အသုံးပြုလို့ ဆေးဝါး ဖန်တီး ခြင်းပဲ ဖြစ်ပါတယ်။
လူ့မစင်ကို ဆေးဝါး အဖြစ် ပြုလုပ်ဖို့ ဆိုတာ မလွယ်ပါ ဘူး။ မစင်က ဘက်တီး ရီးယား၊ ပိုးမွား အားလုံးကို သေချာသန့် စင်ပြီး သောက်ဆေး ဆေးတောင့် ဖြစ်အောင် ဖန်တီးခြင်း ဖြစ်ပါတယ်။ ယင်း ဆေးက C-diff လို့ခေါ်တဲ့ အူလမ်း ကြောင်းကို ထိခိုက် ပျက်စေသော ပိုးကို သတ်ပေး ပါတယ်။ ဒါကြောင့်မို့ အူနဲ့ သက်ဆိုင်တဲ့ ရောဂါ၊ ဝမ်းပျက်၊ ဝမ်းလျှော တို့ကို ပျောက်ကင်း စေပြီး မှီဝဲ သင့်တဲ့ ဆေးစွမ်း ဖြစ်ကြောင်း ဆိုပါတယ်။
မစင်နဲ့ လုပ်တယ်ဆိုတဲ့အချက်နဲ့ သောက်ဖို့ ခဲယဉ်း နေသူ အချို့ ရှိ ပေမယ့် ယင်းဆေးကို သောက်သုံးဖို့ အမေရိကန်က ဆရာဝန်များက ထောက်ခံ ချက် ပေးလို့ တိုက်တွန်း ထားကြောင်း သိရ ပါတယ်။
.
ရိုးရာလေး

0 comments:
Post a Comment