
LG နဲ့ Samsung ကတော့ အားလုံး ကြိုက်နှစ် သက်ပြီးသား ဖြစ်တဲ့ တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီ ကြီးနှစ်ခု ဖြစ်ပါတယ်။ မြန်မာ ပြည်မှာ ၀ယ်ယူနိုင် ပြီဖြစ်တဲ့ G Pro Lite နဲ့ Galaxy Grand တို့ကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် G Pro Lite ဟာ မျက်နှာပြင် အကျယ် ၅.၅ လက်မရှိ LCD Capacitive Touchscreen ဖြစ်ပြီး Galaxy Grand ကတော့ မျက်နှာပြင် အကျယ် ၅ လက်မ ဖြစ်ပါတယ်။ ဘက္ထရီ ကတော့ G Pro Lite မှာ 3140 mAh ဖြစ်ပြီး Galaxy Grand ကတော့ 2100mAh ဖြစ်ပါတယ်။ အလေး ချိန်ကတော့ G Pro Lite က ၁၆၁ ဂရမ်ဂ ရမ်ဖြစ်ပြီး Galaxy Grand ကတော့ ၁၆၂ ဂရမ်ဖြစ်ပါ တယ်။
ဒါ့အပြင် G Pro Lite ရဲ့ ကင်မရာကတော့ 8MP ရှိပြီး Resolution ကတော့ 3264×2448 ဖြစ်ပါတယ်။ Grand ကလည်း ကင်မရာ 8MP ဖြစ်သည့် အတွက် တူညီ တယ်လို့ ဆိုရမှာပေါ့။ Android 4.1.2 (Jelly Bean) နှစ်ခု စလုံးမှာ ထည့်သွင်း ထားပါတယ်။ LG နှင့် Samsung 8GB ထည့်သွင်း ထားပြီး RAM ကတော့ 1GB ဖြစ်ပါတယ်။ microSD Card Slot လည်း ပါဝင်ကာ 32GB အထိ ထပ်မံချဲ့ထွင် သုံးစွဲနိုင်လို့ တူညီပါတယ်။
ဈေးနှုန်း ကတော့ Galaxy Grand ကို ၂၅၀၀၀၀ ကျပ် ၀န်းကျင်နဲ့ ရောင်းချ လျက်ရှိပြီး LG ကတော့ ၂၉၀၀၀၀ ကျပ်ဝန်းကျင်နဲ့ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။ LG ကထူးခြားမှု အနေနဲ့ ‘Stylus Pen’ ထည့်သွင်း ထားပြီး ၎င်းနဲ့ ဆိုင်တဲ့ Apps တွေ၊ Features တွေလည်း စီစဉ် ပေးထား တယ်လို့ သိရပါတယ်။
ရိုးရာလေး

0 comments:
Post a Comment