Home
»
ပြည်တွင်းသတင်း
»
တိုင်းလွှတ်တော် ဥက္ကဌအိမ်တွင် ပျောက်သွားသည် ဆိုသည့် ရွှေထည် ပစ္စည်းများ မူလနေရာတွင်ပြန်တွေ့၍ ဖမ်းဆီးထားသူများအား ရဲစခန်းမှ ပြန်လွှတ်ပေး
ပုသိမ်
၊ စက်တင်ဘာ ၅ ။ ။ ဧရာဝ တီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးတင်စိုး၏နေအိမ်တွင်
ဩဂုတ်လဆန်းပိုင်းက ပျောက် ဆုံးခဲ့ သည့် ရွှေထည်ပစ္စည်းများ မှာ
မူလထားသည့်နေရာတွင် ပြန်လည်တွေ့ ရှိသည်ဆို၍ တိုင်း လွှတ်တော် ဥက္ကဋ္ဌ အိမ်မှ
ဝန်ထမ်း သုံးဦးအား ဖမ်းဆီးထားသည့်ရဲ စခန်းမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်
ကြောင်း သိရသည်။
သိန်း၁၂ဝကျော်တန်ဖိုးရှိ အဆိုပါရွှေထည်
ပစ္စည်းများ ပျောက်ဆုံး မှုနှင့်ပတ်သက်ပြီး တိုင်းလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး
ဒေါ်ခင်မိမိလေး က ပုသိမ်မြို့ အမှတ်(၂)နယ်မြေခံရဲစခန်း တွင်
အမှုဖွင့်ခဲ့သည့်အတွက် အိမ်အကူမဝေဝေသင်း (ဟင်္သာ တ)၊
ခြံသန့်ရှင်းရေးထွန်းထွန်းစိုး (ကျုံပျော်)၊ ယာဉ်မောင်း ဦးဝေ
လွင်သိန်း(ပုသိမ်)တို့သုံးဦးအား
ရဲစခန်းတွင် ဖမ်းဆီး စစ်ဆေး မှု များပြုလုပ်နေဆဲမှာပင် ပျောက်
ဆုံးသွားခဲ့သည့် ရွှေထည်ပစ္စည်း များ မူလကထားရှိခဲ့ပါသည်ဆိုသည့် အိတ်အတွင်း
ပြန်လည်တွေ့ရှိခဲ့ သည့်အတွက်ဟုဆိုကာ ပြန်လည် လွှတ်ပေးခဲ့ခြင်းဖြစ်သည်ဟု
ဆိုသည်။
အိမ်အကူ မဝေဝေသင်းကို ဩဂုတ် ၁၁ရက်ကဖမ်းဆီးခဲ့ပြီး နောက်
ဩဂုတ် ၁၆ရက်ညပိုင်း တွင် လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြု ချက်ဖြင့်
ထွန်းထွန်းစိုးနှင့် ဦးဝေ လွင်သိန်းတို့နှစ်ဦးကို ဆိုင်ကယ်
ဖြင့်တင်၍ရဲစခန်းသို့ ဖမ်းဆီးသွား ခဲ့ခြင်း ဖြစ်ကြောင်း တိုင်းလွှတ်
တော်ဥက္ကဋ္ဌ၏ ယာဉ်မောင်းဦးဝေ လွင်သိန်းမှ ရန်ကုန်တိုင်းမ်သတင်း စာသို့
ပြောသည်။ ''ဖမ်းပြီးကတည်းက ညနေ ၆နာရီကနေ မနက် ၈နာရီအထိ တစ်ဖွဲ့ပြီးတစ်ဖွဲ့
လာစစ်တယ်။ တစ်ည လုံးအိပ်ခွင့်မရဘူး။ အထူး သတင်း တပ်ဖွဲ့တို့၊ ခရိုင်
ဒုစရိုက် နှိမ် နင်းရေး အဖွဲ့တို့ဆိုပြီး အဖွဲ့ စုံပဲ လေးရက်လောက် ညတိုင်းအ
စစ်ခံရတယ်''ဟု ယာဉ်မောင်း ဦး ဝေလွင်သိန်းကပင် ပြောသည်။
Yangon Media
Top
0 comments:
Post a Comment