တမူးတွင် အသေးစားလေယာဉ်ဆင်းကွင်း တည်ဆောက်မည်
လှိုင်ထွေးအောင် ၊ ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၃)
မြန်မာ-အိန္ဒိယနယ်စပ်တမူး မြို့တွင် အသေးစားလေယာဉ်ဆင်း သက်နိုင်သည့် လေယာဉ်ဆင်း ကွင်း တည်ဆောက်နေကြောင်း တမူးခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
နယ်စပ်ဒေသ ကုန်သွယ်ရေး တွင် အရေးပါသည့်တမူးမြို့မှာ စီးပွားရေး အခွင့်အလမ်းကောင်း များရှိရာ ကုန်းလမ်းမှ ဆက်သွယ် သွားလာနိုင်သော်လည်း တစ်ခါ တစ်ရံ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုမရှိသဖြင့် ကုန်သွယ် ရေးလုပ်ငန်းများ နှောင့်နှေးကြန့် ကြာမှုဖြစ်ပေါ်ခဲ့ရာ စီးပွားအခွင့် အလမ်းကောင်းများ ဖြစ်ပေါ်စေ ရန် တမူးမြို့လေယာဉ်ကွင်းကို အ သေးစားလေယာဉ်များ ဆင်းသက် နိုင်ရန်အတွက် တိုင်းဒေသကြီးအ စိုးရနှင့် အိန္ဒိယဘက်မှပညာရှင် များ ညှိနှိုင်းစီစဉ်ဆောင်ရွက်နေ ကြောင်း သိရသည်။
''ပြည်တွင်းကနေ တမူးမြို့ ကိုလာမယ်ဆိုရင် မန္တလေး-မုံရွာ- ယာကြီး-ကလေးဝကနေ တမူး အထိ ကားနဲ့လာလို့ရတယ်။ ရေ ကြောင်းကလာမယ်ဆိုရင် မုံရွာ ကနေ ကလေးဝအထိ ချင်းတွင်းမြစ် ကြောင်းအတိုင်း လာနိုင်တယ်။ ကလေးဝကနေ တမူးအထိ ကား နဲ့တစ်ဆင့်သွားရတယ်။ မော်တော် ကားလမ်းက ယာကြီး-ကလေးဝ လမ်းအပိုင်း မကောင်းသေးဘူး။ မိုးတွင်းမှာ သွားလာရေးအခက် အခဲရှိတယ်။ ရေကြောင်းကျပြန် တော့လဲ နွေရာသီမှာ ရေကြောင်း ကျဉ်းကျပ်လို့ သွားလာရခက်တယ်'' ဟု တမူးမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။
လေယာဉ်ကွင်း ဆောက်လုပ် ရန်အတွက် တမူးခရိုင်၊ ဘုက္တန် ကျေးရွာနှင့် ကလေးခရိုင် ရာဇ ဂြိုဟ်ကျေးရွာအကြားတွင် နေရာ ရွေးချယ်လျက်ရှိရာ မကြာမီ တမူး မြို့အတွက် လေယာဉ်ကွင်းငယ် တစ်ခု ပေါ်ပေါက်လာမည်ဖြစ်သ ဖြင့် ခရီးသွားလာမည့်သူများ ပိုမို လွယ်ကူချောမွေ့လာမည်ဟု သိ ရသည်။

0 comments:
Post a Comment