27 March 2014
ရွှေရည်ဝင်းထက်
ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ထိပ်သို့ မြန်မာနိုင်ငံမှ ပထမဆုံးကိုယ်စားပြုတက်ရောက်ရန် တောင်တက် သမားငါးဦးသည် မတ်လ ၂၈ ရက် ညနေသုံးနာရီတွင် ရန်ကုန်မှ စတင်ထွက်ခွာမည်ဖြစ်သည်။
နိုင်ငံတော်အလံကို ဧ၀ရက်တောင်ထိပ်တွင် လွှင့်ထူနိုင်ရန် နိုင်ငံကိုယ်စားပြုအဖြစ် မြန်မာနိုင်ငံသားငါးဦး တက်ရောက်မည့်ခရီးစဉ်အတွက် အချိန် နှစ်လခန့် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။ အမေရိကန်ဒေါ် လာ သိန်းနှင့်ချီကုန်ကျမည်ဖြစ်ပြီး
မြန်မာနိုင်ငံ ခြေလျင်တောင်တက်အဖွဲ့ချုပ် နာယကဖြစ်သူ ဦးတေဇက “မြန်မာ့အလံကို မော်ကြွားစွာလွှင့် ထူနိုင်ဖို့၊ မြန်မာတစ်မျိုးသားလုံးကိုယ်စား ဂုဏ်ယူဝင့်ထည်စွာ လွှင့်တင်နိုင်ဖို့ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ် မှာ မြန်မာဆိုတဲ့ မှတ်တိုင်စိုက်ထူနိုင်ဖို့ မိမိကြိုးပမ်းခွင့်ရတဲ့အတွက်လည်
ဧ၀ရက်တောင်ထိပ်တွင် စိုက်ထူမည့် အောင်နိုင်ရေး နိုင်ငံတော်အလံကို နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင
ဧ၀ရက်တောင် တက်ရောက်မည့် တောင်တက်သမားတစ်ဦးဖြစ်သူ ဦးစိုင်းကျော်ဝဏ္ဏစိုးကလည်း “မြန်မာ နိုင်ငံတော်အလံ တစ်ခါမှ မရောက်ဖူးသေးတဲ့ မြန်မာလူမျိုးတစ်ဦးတစ်ယောက်မှ မရောက်ဖူးသေးတဲ့ ဒီဧ၀ ရက်တောင်ကို မြန်မာ့အလံစိုက်ထူဖို့ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ”ဟု ပြောသည်။
ယင်းတောင်တက်သမား ငါးဦးအနေဖြင့် ဧ၀ရက်တောင်တက်ရောက်ရာတွင် အထောက်အကူဖြစ်စေရန် အမြင့်ပေ နှစ်သောင်းကျော်မြင့်သည့် နီပေါနိုင်ငံအနီး ရေခဲတောင်များကိုလည်း လေ့ကျင့်တက်ရောက်ခဲ့ သည်ဟု ဆိုသည်။
ဧ၀ရက်တောင်သည် အမြင့်ပေ နှစ်သောင်းကိုးထောင်ကျော်မြင့်ြ
ဧ၀ရက်တောင်၏ အန္တရာယ်အကြီးဆုံးဧရိယာမှာ ရေခဲပြိုကျသည့် Khumbu ဒေသဖြစ်ပြီး မျှော်မှန်းမထား နိုင်သော ရေခဲကျဆင်းမှုက အန္တရာယ်အကြီးမားဆုံး ဖြစ်စေသည်။ ဧ၀ရက်တောင်တက်ခရီးသမိုင်းတွင် လူအများဆုံး သေဆုံးခဲ့သောနှစ်မှာ ၁၉၉၆ ခုနှစ်ဖြစ်ပြီး တောင်တက်သမား ၁၅ ဦးသေဆုံးခဲ့သည်။၂၀၁၂ ခုနှစ်တွင် တောင်တက်သမား ၁၁ ဦး သေဆုံးခဲ့သည်။
myanmaalinn

0 comments:
Post a Comment