
နိုင်လင်း၊ မော့ဂျေ၊ ရန်ကုန်၊ ဇန်န၀ါရီ-၂၃
ရွှေပြည်သာမြို့နယ် (တညင်းကုန်းတံတား) နှင့် ၀ါးတစ်ရာကျေးရွာ အကြား လှိုင်မြစ်အတွင်းမှ မိကျောင်း နှုတ်သီးနှင့် အလွန်မာကျောသော အကြေးခွံများ ပါဝင်သော အရှည်လေးပေခွဲခန့် ငါးကြီးတစ်ကောင်ကို ဇန်န၀ါရီ ၁၉ ရက်က ဖမ်းဆီးရမိခဲ့ရာ ယင်းငါးမျိုးစိတ်သည်မြန်မာ့
ရေပိုင်နက်အတွင်း နေထိုင်ကျက်စားလေ့ရှိသော ငါးမျိုးစိတ် မဟုတ်ကြောင်းနှင့် တောင်အမေရိကတိုက် အမေဇုန်မြစ် အတွင်းတွင် စတင်တွေ့ရှိခဲ့ရသည့် အယ်လီဂေတာဂါးဖစ်ရှ် (ခေါ်) မိကျောင်းနှုတ်သီးနှင့် ငါးဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ဇန်န၀ါရီ ၂၃ ရက်၌ ရှင်းလင်းပြောဆိုခဲ့သည်။
' ဒီလိုငါးမျိုးစိတ်ကို ကျွန်တော်ကိုယ်တိုင်လည်း မမြင်ဖူးခဲ့ဘူး။
မြန်မာနိုင်ငံမှာ တွေ့ရှိမှတ်တမ်းတင်ထားတဲ့ ငါးမျိုးစိတ်ပေါင်း ၁၀၀၀ ကျော်ထဲမှာလည်းမပါတဲ့အတွက် ပညာရှင်တွေကို
ပြသစုံစမ်းတဲ့အခါမှာ ဒီငါးမျိုးစိတ်ဟာ တောင်အမေရိကတိုက် အမေဇုန်မြစ်အတွင်းမှ စတွေ့ခဲ့ရပြီး အလှမွေးတဲ့ငါးမျိုးစိတ်အဖြစ
မွန်းတည့် ၁၂ နာရီက ရန်ကုန်မြို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အဆောက်အအုံတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ဦးဝင်းကြိုင်က ရှင်းလင်းပြောဆို ခဲ့ခြင်းဖြစ်သည်။
' ဒီငါးမျိုးစိတ်ဟာ မြန်မာ့ရေပိုင်နက်မှာ ရှိရမယ့် ငါးမျိုးစိတ်မဟုတ်တဲ့
အတွက် ကျွန်တော်တို့အနေနဲ့သုံးသပ်
အဆိုပါ မိကျောင်းနှုတ်သီးနှင့်ငါးကိ
credit to;စံတော်ချိန်နေ့ စဉ်သတင်းစာ

0 comments:
Post a Comment