ထမင်းစားပြီးတဲ့အချိန်မှာ ကျွန်တော့်ကို အိမ်နောက်ကိုခေါ်ပြတယ်။ တပ်ရင်းမှူးကြည့်ပါတဲ့။ အကုန်လုံး ကေအန်ယူ၊ ကျောင်း သားတွေ။ ကျောင်းသား လက်နက်ကိုင်တွေ ပေါ့ဗျာ။ ကေအန်ယူလက်နက်ကိုင်အဖွဲ့တွေ။ ကျွန်တော်နှင့် ပြည်တွင်းမှာတွေ့ရင် ချနေတဲ့ကောင်တွေ။ ဒေါ်ခင်ကြည်က ရှေ့မှာ စစ်တပ်ကိုထမင်းကျွေးတယ်။ နောက်မှာ သူတို့ကိုထမင်းကျွေးတယ် . . .

လက်နက်နှင့်ငြိမ်းချမ်းရေး
လဲလှယ်သော ကရင်ပြည်နယ်မှ ဦးစောသမူဟဲ၊ ဗိုလ်မှူးကြီးဟန်တင့်၊
ဗိုလ်ချုပ်ကက်စိန်၊ ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့ ငြိမ်းချမ်းရေး
အဖွဲ့ဝင်များကို နှုတ်ဆက်နေသည့် မှတ်တမ်းဓာတ်ပုံ
ဗိုလ်မှူးကြီးရဲ့ အရင်တုန်းက တပ်ထဲ
မှာလုပ်ခဲ့တဲ့ အတွေ့အကြုံတွေရယ်၊ နောက် သံအမတ်ကြီး တာဝန် ထမ်းဆောင်တော့
နယ်စပ်ကိစ္စ၊ အဲဒါလေးတွေ ကျွန်တော် သိချင်ပါတယ်။
တပ်မ ၂၂တပ်မမှူးက
ဗိုလ်ချုပ်မောင်မောင်သိမ်း။ ဒုတိယတပ်မမှူးက ဗိုလ်မှူး ကြီးကျော်သူ။
အခုလက်ရှိတော့ ၀န်ထမ်းရွေးချယ် လေ့ကျင့်ရေး ဥက္ကဋ္ဌပေါ့။ သူတို့နဲ့
တွဲခဲ့ရတယ်။
ဘားအံမှာ တပ်မ ၂၂။ ဗိုလ်မှူးကြီးတို့ အဲဒီအခြေအနေတွေ ကောင်းကောင်းသိ နေတာပေါ့။
လက်ရှိ ကရင်ပြည်နယ်မှာ အလင်းဝင်တာ အားလုံးက
ဗကပဆိုရင် မြန်မာပြည်ရဲ့ နောက်ဆုံး ပိတ်လက်ကျန်။ သခင် သန်းထွန်းတို့
ဗသိန်းတင်ရဲ့အမျိုးဖြစ်တဲ့ ထားဝယ်မှာရှိတဲ့ ဗကပအဖွဲ့တွေ၊ နောက်ဆုံးပိတ်
လက်ကျန် အဖွဲ့တွေ။
ဗကပ ကျတော့ တော်တော်လေး အဆက်ပြတ်
နေပြီလေ။ လက်ရှိ တပ်က လူတွေကျတော့လည်း ငြိမ်းချမ်းရေး သာ ဆွေးနွေး
နေတာကိုး။ဆွေးနွေးမှု ကလည်း စကားဝိုင်း ဆွေးနွေးမှုလောက်ပဲ ရှိတယ်။
၈၈ အရေးအခင်းမှာ ဗကပလုံးဝ ကုန်သွားတယ်။
ပြောရရင်တော့။ ၈၈ အရေးအခင်းမှာ သူ့ရဲ့ သဘာဝ အလျောက်။ ၈၈ အရေးအခင်းမှာ ဗကပက
ခေတ်ရဲ့စနစ်အရ ပြီးစီးသွားတဲ့ သဘော။ သူ့ရဲ့ဇာတ် လမ်းကပြီးသွားတဲ့
သဘောမျိုး။ သို့သော် ဗကပဆိုတဲ့ အမျိုးက ကျန်သေးတယ်။ မူဝါဒအရ ကျန်နေတယ်။
စိတ်ဓာတ်ကလည်း ကျန်နေတယ်။ ဘယ်မှာ နောက်ဆုံးပိတ် ကျန်လဲဆိုတော့ ထားဝယ်က
သခင်ဗသိန်းတင်ရဲ့ အမျိုးတွေပေါ့။ ဗကပလို့ ဘယ်လိုသိရလဲ ဆိုရင် ကျွန်တော်တို့
စစ်ဆင်ရေး လုပ်တဲ့အခါ ထားဝယ်မှာ တပ်ရင်းမှူးနဲ့ပေါ့။ ၁၉၉၄၊ ၉၅ လောက်က။
စစ်ဆင်ရေး လုပ်တဲ့အခါ ကျတော့ … ရွာတွေမှာ
ကျွန်တော် စစ်ဆင်ရေး ၀င်တယ်။ ကျောက်ဖျင်၊ မကျည်းပင်တို့ပေါ့။ အဲဒီစစ်ဆင်ရေး
ဝင်တဲ့အခါ ကျွန်တော်တို့ ကတပ်ရင်းမှူး ဖြစ်တဲ့ အခါကျတော့ ရွာတွေရောက်ရင်
အိမ်ဦးခန်းမှာ ကျွန်တော်တို့ နေတယ်။ ရဲဘော်တွေ ကတော့ ခြေရင်းမှာ နေတယ်။
အိမ်ဦးခန်းမှာ ဘုရားစင်တော့ ရှိတယ်။ ဘုရား မတွေ့ဘူး။ ဘုရားစင်ကတော့
အိမ်တိုင်းလိုလို တွေ့တယ်။ ကျောက်ထရံ၊ မကျည်းစင် အဲဒီရွာ တစ်ဝိုက်မှာပေါ့။
ကျွန်တော်တို့က သာမန်ပဲ ထင်တာပေါ့။
ဆင်းရဲလို့ ဘုရားမရှိဘူးလို့ ထင်တာပေါ့။ တိုက်ပွဲတော့ သိပ်မဖြစ်လိုဘူး။
အဲဒီဘက်က အဖွဲ့တွေလည်း တိုက်ပွဲဖြစ်ရင် နည်းနည်းပါးပါးပဲ ရှောင်သွားတယ်။
တိုက် ပွဲ မဖြစ်လိုတဲ့ အခါကျတော့ ဖြစ်ရင်လည်း ပစ်ခတ်မှု အနည်းငယ်ဖြစ်တယ်။
အဲဒီမှာ ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေက ကျွန်တော်တို့ကို
တိုက်ခိုက်တဲ့အခါ သူတို့က အရမ်းမတိုက်ဘူး။ ကြည့်နေတယ်။ နောက်ကျတော့မှ
ရွာတွေကို မေးတယ်။ ဘာဖြစ်လို့ ဘုရားစင် ရှိပြီးတော့ ဘုရားမရှိလဲလို့
မေးတယ်။
ဒီကနယ်မြေခံ မကြိုက်ဘူးတဲ့။ ဘုရားထား
အရေးယူတဲ့ သဘောမျိုးပဲ။ အဲလောက်မှ ကျွန်တော်တို့ သဘောပေါက် သွားတယ်။
ဒါကကွန်မြူနစ်ကိုပဲ ကိုးကွယ်တယ်။ ဘုရား မကိုးကွယ်ဘူး။ သဘောပေါက်သွားတဲ့
အခါမှ ဗကပကို သိသွားတယ်။ အဲဒီမှာရှိတာ အရင်တုန်းကတော့ မွန်သောင်းကျန်းသူ
ရှိတာပေါ့။ မွန်သောင်းကျန်းသူက နောက် ဂျီဝမ်းဖြစ်တဲ့ အခါမှာ သူတို့နှင့်
ငြိမ်းချမ်းရေး ဆွေးနွေးလိုက်ပါတယ်။
အဲဒီအဖွဲ့တွေနှင့် နောက်ဘယ်မှာ သွားတွေ့လဲ
ဆိုတော့ နတ်အိမ်တောင်ရွာပေါ့။ အဲဒီရွာမှာ အရင်တုန်းက ပြည်ပြေး အဖွဲ့ပဲ
ရှိတယ်။ ဦးနုခေတ်တုန်းက ပြည်ပြေးပေါ့။ ပြည်ပြေးခေတ်က အမတ်တွေ ရှိတယ်။
အဲဒီရွာမှာ တပ်ကအပြည့်။ တပ်က အိမ်တောင် မဆောက်ရ သေးဘူး။ အဲဒီ အပေါ်ကို
တက်သွားကြည့်တဲ့ အခါ နတ် အိမ်တောင်ကို တက်တိုင်း တက်တိုင်း
တိုက်ပွဲဖြစ်ပြီး ကေအန်ယူနှင့်ပေါ့လေ။ ရိက္ခာပို့ရင်လည်း ကိုယ့်ဘက်က လူတွေ
အကျ အရှုံး များတယ်။ နတ်အိမ်တောင်ကို သုံးလတစ်ကြိမ် စစ်ဆေးရေး တာဝန်ထမ်း
ဆောင်တဲ့အခါ ကျတော့ ကိုယ့်ဘက်က အကျအရှုံးများတယ်။ နောက်ပိုင်းကျတော့
ရိက္ခာကို သိပ်မတင်တော့ဘဲ ၀ယ်စားတယ်။ ထိုင်းကနေပြီး ၀ယ်စားတယ်။
ဦးနုခေတ်တုန်းက အမတ်တွေရှိတယ်။ ဒေါ်ခင်ကြည်
ဆိုတာ ရှိတယ်။ သူတို့ ခေါ်တာ ပြည်ချစ်၊ ကျွန်တော်တို့ ခေါ်တာ
ပြည်ပြေးပေါ့ဗျာ။ ရိက္ခာကို ၀ယ်စားရင်း၊ ၀ယ်စားရင်းနှင့် ဦးနုခေတ်က
ပြည်ချစ် အဖွဲ့ပေါ့။ သူ တို့နှင့် ခင်လာတယ်။ သူတို့က ကျွန်တော်တို့ကို
ဘာမေးလဲဆိုတော့ ဘာဖြစ်လို့ ကေအန်ယူတွေ၊ မွန်ပြည်သစ်ပါတီ အဖွဲ့ကို ဘာလို့
တိုက်တာလဲတဲ့။ မတိုက်ဘဲ အတူနေလို့ မရဘူးလားတဲ့။ ဒေါ်ခင်ကြည်က မေးတယ်။
ပြည်ချစ် အမတ်ပေါ့ဗျာ။ နတ်အိမ်တောင် ရွာထဲမှာ နေတယ်။
သူ့သမီးတွေလည်း ထိုင်းနဲ့ အိမ်ထောင်ကျပြီး
ထိုင်းလိုလို ဖြစ်နေပြီ သူတို့က။ သို့သော် ဗမာဆိုတဲ့ သံယောဇဉ်၊
မြန်မာနိုင်ငံသား ဆိုတဲ့ သံယောဇဉ် ခင်ကြတာပေါ့။ သူကမေးတယ်။ ဘာဖြစ်လို့
မခေါ်တာလဲ။ ခေါ်လို့ ဘယ်လို လုပ်ရမလဲ။ အဘွား ဒေါ်ခင်ကြည်။ ခေါ်ဖို့ မပြောနှင့်။
တွေ့တာနဲ့ တိုက်ပွဲဖြစ်တယ်။ ဗမာပြည်ကို နတ်အိမ် တောင် ကနေပြီးတော့
အောက်ကို ဆင်းပြီး ကလေးအောင်းရွာကို ရိက္ခာပြန်ယူရင် နှစ်ယောက်သုံးယောက်
ကျတယ်။ ဆယ်ယောက်လောက် ဒဏ်ရာ ရတယ်။
အဲလိုဖြစ်တော့ ကျွန်တော် ရိက္ခာပြန်ယူလို
့မဖြစ်ဘူး။ အကျအရှုံးခံပြီး လုပ်ရတယ်။ တိုက်ပွဲဖြစ်တယ်။ နှစ်ဖက်လုံး
ကျမှာပဲ။ တွေ့လို့မရဘူး။ ဘယ်လိုလုပ် တွေ့လို့ရမလဲ။ အဲဒီတော့ ဒေါ်ခင်ကြည်က
သူ့အိမ်ကို လာခဲ့ပါ တပ်ရင်းမှူးတဲ့။ အဲဒီရွာထဲ ရောက်ရင် အမြဲတမ်း သွားနေတာ။
ထိုင်းတပ် ကိုလည်း ကျွန်တော်တို့ ခင်တယ်။ လူလည်း ခင်၊ တပ်လည်း ခင်တော့
ဒီလိုပဲ ဈေးဝယ် သွားလာ နေကြတာပေါ့။
ဒေါ်ခင်ကြည်က ကျွန်တော့်ကို အိမ်ရှေ့မှာ
ထမင်းကျွေးတယ်။ ထမင်းစားပြီးတဲ့ အချိန်မှာ ကျွန်တော့်ကို အိမ်နောက်ကို
ခေါ်ပြတယ်။ တပ်ရင်းမှူး ကြည့်ပါတဲ့။ အကုန်လုံး ကေအန်ယူ၊ ကျောင်းသားတွေ။
ကျောင်းသား လက်နက်ကိုင်တွေ ပေါ့ဗျာ။ ကေအန်ယူ လက်နက်ကိုင် အဖွဲ့တွေ။
ကျွန်တော်နှင့် ပြည်တွင်းမှာ တွေ့ရင် ချနေတဲ့ ကောင်တွေ။ ဒေါ်ခင်ကြည်က
ရှေ့မှာ စစ်တပ်ကို ထမင်းကျွေးတယ်။ နောက်မှာ သူတို့ကို ထမင်း ကျွေးတယ်။
သူကပြောပြတယ်။ တပ်ရင်းမှူး ခေ ကြည့်ပါ။
ရှင်တို့က အစ်ကိုကြီးတွေ ပဲတဲ့။ ဒီဘက်က လူတွေက ညီလေးတွေ ပဲတဲ့။
ခေါ်ကြည့်ပါတဲ့။ ဒါကတော့ သူ့ရဲ့ စကားအရပေါ့။ သိပ်တော့ မဖြစ်နိုင်ဘူး
ထင်တယ်လို့ ပြောပြတာပေါ့။ ကျွန်တော်တို့ ခေါ်ခွင့်တော့ မရှိဘူး။ သို့သော်
ခေါ်ကြည်မယ်။ စပြီးတော့ အဲဒီမှာ တစ်ယောက်နှင့် တစ်ယောက် ခေါ်ကြည့်တယ်။
နောက်ပိုင်းကျတော့ ဗကပအဖွဲ့ ပေါ့ဗျာ။ အရင် ၄၁၀ တပ်ရင်းမှူး
ဗိုလ်မှူးရဲမြင့် သူကနေပြီး စပြီးခေါ်တာပေါ့။ အဲဒီမှာ ဗကပက ထွန်းလွင်အဖွဲ့၊
ချစ်လွင် အဖွဲ့။ အဲဒီအဖွဲ့လူ ၉၅ ယောက် စခန်းထဲ ၀င်တယ်။ ၀င်တော့
သွားကြိုတယ်။ သွားကြိုပြီးတော့ ကုလား အော်ကို ခေါ်လာ ခဲ့တယ်။ အဲဒီ ၉၅ယောက်
သည် မာရံ၊ ကျောက်ထရံထဲမှာ ဘုရားကိုမထားဘဲနဲ့ နေတဲ့အဖွဲ့။ သူတို့က ဗကပ လို့
အမည်မခံဘူး။ ထားဝယ် မျိုးချစ်တပ်မတော်၊ ဒေါ်ခင်ကြည်ပြောလို့ စခေါ်ကြည့်တာ။
ကျွန်တော် လက်ခံတယ်။
နောက် တပ်ရင်းမှူးက နေပြီးတော့ ရလကကို
ဂျီဝမ်းနှင့် ပြောင်းတယ်။ ပြောင်း ဘာတွေ့လဲ ဆိုတော့ မွန်ပြည်သစ်ပါတီ
နိုင်ထင်၊ သူတို့ရဲ့ ကာကွယ်ရေးက ဗိုလ်ချုပ်အောင်နိုင် တို့ပေါ့။
ကိုအောင်နိုင် နဲ့တော့ တိုက်ပွဲ ၁၀ပွဲလောက် တိုက်ဖူးတယ်။ မျက်နှာ
မမြင်ဖူးဘူး။ အသံတို့၊ စက်ထဲမှာတော့ ခဏခဏ တွေ့ဖူးတယ်။ ဒီအဖွဲ့တွေကို
ဂျီဝမ်းဖြစ်တဲ့ အခါမှာ မွန်အဖွဲ့တွေပေါ့။ မွန်ပြည်သစ်ပါတီကို ဘုရားသုံးဆူက
ကျွန်တော် လူကိုယ်တိုင် သွားခေါ်တာ ရှိတယ်။
ဒီကောင်တွေ အစည်းအဝေးလုပ်ဖို့ ကျတော့
ရံဖန်ရံခါမှာ ကုန်သည်တွေရဲ့ ကားနှင့် မှောင်ခိုပုံစံနှင့်
အသွင်ဖမ်းပြီးတော့ ကုန်သည် ပေါ့ဗျာ။ ဟိုတုန်းက မှောင်ခိုပေါ့။
ကုန်သည်ပုံစံနှင့် ဂျစ်ကားတွေနှင့် ရအောင် ခေါ်ပြီးတော့ ကျွန်တော့်
ဆွေးနွေးတယ်။ ကျွန်တော့် ဂျီဝမ်းပေါ့။ ဆွေးနွေးတယ် ပြန်ပို့တယ်။ အောင်နိုင်
လည်းပါတယ်။ နိုင်ထင် ပါတယ်။ နိုင်ရော ဆက်ပါတယ်။ နိုင်စိုးမြင့် ပါတယ်။
ဒီအဖွဲ့တွေနှင့် ခေါ်ပြီးတော့ ဆွေးနွေးတယ်။ သုံးလေးခါလောက် ဆွေးနွေးတယ်။
တိုင်းမှူး ဗိုလ်ချုပ်ကက်စိန်ကို တင်ပြတာပေါ့။
နောက်တစ်ကြိမ် သူတို့ဘာပြောလဲ ဆိုတော့
ကားနဲ့ မပြန်ဘူးတဲ့။ ကြာအင်းဆိပ်က နေပြီးတော့ စက်လှေနဲ့ ပြန်မယ်တဲ့။
အောင်နိုင်က ပြောလာတယ်။ သူ့ရဲ့ဦးစီးချုပ် ဗိုလ်ချုပ်အောင်နိုင်ပေါ့။
ကိုအောင်နိုင် ဖြစ်မလားလို့။ ခင်ဗျား အာမခံလားလို့။ သူက ကျွန်တော်
တာဝန်ခံတယ်တဲ့။ ကေအန်ယူက သတင်းရထားပြီ။ ရွာရောက်တော့ ကေအန်ယူက
ဝိုင်းပစ်တယ်။ ပစ်တဲ့ အခါ သူကလှမ်းအော်တယ်။ ဗမာလိုပဲ။ မိတ်ဆွေလို့ အော်တယ်။
ကေအန်ယူက မင်းတို့ မိတ်ဆွေမဟုတ်ဘူး ရန်သူကွ ဆိုပြီးတော့ ပြန်ချတဲ့အခါသ
ူတို့ ပြန်ပြီးတော့ ချရတာပေါ့။
သို့သော် အဲဒီအချိန်မှာ ကျွန်တော်က
ဂျီဝမ်းဖြစ်တဲ့ အခါကျတော့ တောင်ပေါက် ဆိုတဲ့ရွာမှာ တပ်ရင်းတစ်ခု
ထောက်ထားတယ်။ တစ်ခုခု ဖြစ်ရင် ကယ်ဖို့အတွက်ပေါ့။ ဆွဲထုတ်ဖို့။
တိုက်ပွဲဖြစ်တော့ ဆွဲထုတ်လို့ ပြန်ရသွားတယ်။ ကိုအောင်နိုင် ခင်ဗျား
အာမခံလို့ ခင်ဗျား သွားတာနော်။ ဘယ်လိုဖြစ်တာလဲ ခင်ဗျား။ ခင်ဗျား တာဝန်လို့။
ဂျီဝမ်းကြီး ကျွန်တော်လည်း အဲလိုဖြစ်မယ် မထင်လို့ ပြန်ပြောတယ်။ ဒါကတော့
ဆွေးနွေးတာပေါ့။ ဂျီဝမ်း ကာလမှာ မွန်ပြည်သစ်ပါတီနှင့် နောက်တစ်ခါ နိုင်ထင်က
ဒုဥက္ကဋ္ဌ၊ နိုင်စိုး၊ နိုင်ရောဆက် အားလုံးနှင့် ကျွန်တော် ဆွေးနွေးခဲ့တာ။
လက်နက်နဲ့ ငြိမ်းချမ်းရေး လုပ်တာပေါ့ ဘုရားသုံး ဆူမှာလေ။
နိုင်ရွှေကျင်က လေယာဉ်ပျံနဲ့၊
မော်လမြိုင်ကို အထူးရထားနဲ့ ခေါ်တယ်။ အဲဒီ အခမ်းအနား လုပ်တဲ့ အချိန် မှာလည်း
မွန်ပြည်သစ်ပါတီ၊ မွန်အဖွဲ့တွေပေါ့။ ကျွန်တော်တို့က ရိုးရိုးသားသား ပဲလေ။
မွန်အဖွဲ့ မှာလည်း နိုင်သက်လွင်၊ ဦးဂျမန်း တို့ပေါ့။ မွန်ရဲ့နာမည်ကြီး
ပုဂိ္ဂုလ်တွေပေါ့။ သူတို့အိမ်မှာ နိုင်ရွှေကျင်ကို ထားပြီးတော့ ကဲဒါဆိုရင်
ခင်ဗျားတို့ မွန်လူမျိုးတွေရဲ့ မိဘတွေပဲ ကန်တော့ကြ ဆိုပြီးတော့
ကန်တော့ခိုင်း လိုက်တယ်။ မွန်တွေ အားလုံးကို။ သူက တစ်ချိန်တုန်းက
လက်နက်ကိုင် အဖွဲ့အစည်း ကျွန်တော်နှင့် ဆန့်ကျင်ဘက်။ တွေ့ရင် တိုက်မယ့်ပဲ။
သူတို့က ဒီလို ခေါ်ပြီးတော့ လေးလေးစားစား
ဆက်ဆံလိုက်တဲ့ အခါမှာ မွန်လူမျိုးကလည်း သူတို့ အပေါ် ယုံကြည်လာတယ်။
ကျွန်တော့် အပေါ်လည်း ယုံကြည်လာတယ်။
ဆက်လက်ဖော်ပြပါမည်
သံတော်ဆင့်

0 comments:
Post a Comment