တေးသံရှင်သားစိုးတို့ ဇနီးမောင်နှံဦးစီးသော ရွှေပိုးနန်း တော် ပိုးထည်၊ချည်ထည်ဆိုင်၏ ရွှေပိုးနန်းတော် ဖက်ရှင်ရှိုးနှင့် Miss ရွှေပိုးနန်းတော် ၂ဝ၁၃ ရွေးချယ်ပွဲ အခမ်း အနား ကို စက်တင်ဘာလ ၂၉ ရက်နေ့၊ မွန်းလွဲ၁နာရီမှ ညနေ ၅ နာရီ အထိ ရန်ကုန်မြို့ Park Royal  ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲ သည် မြန် မာအ မျိုး သမီးငယ်လေး များ၏ယဉ်ကျေးမှုနှင့် စိတ်အလှ တရားတို့ပိုမိုထွန်းပလာစေ ရန်ရည်ရွယ်သော Miss  ရွေးချယ်ပွဲတစ်ခုဖြစ်သည်။
အဆိုပါပြိုင်ပွဲနဲ့ပက်သတ်ပြီး ရွှေပိုးနန်းတော်က သားစိုးမှ”  အဓိကကတော့ ကျွန်တော်တို့ မြန်မာမလေးတွေ မြန်မာဆန်ဆန်နဲ့လှစေချင်ပြီး မြန်မာ့ရိုးရာကိုထိန်းသိမ်းစေ ချင်လို့ဒီပွဲကိုလုပ်တာပါ။ ပြီးတော့ အလှူအတန်းတွေမှာလည်း မြန်မာ့ယဉ်ကျေးမှုနဲ့အညီလှူကြတန်းကြတဲ့အခါ မြန်မာဝတ်စုံလေးတွေနဲ့ပိုပြီး ကျက်သရေရှိတာပေါ့။ ခု Miss ရရှိ သွားတဲ့အလှမယ်တွေကိုလည်း ကျွန်တော်တို့ မြန်မာချစ်သူ အဖွဲ့ရဲ့ ရဟိတလုပ်ငန်းတွေမှာ ဖိတ်ခေါ်သွားမှာပါ။သူတို့ ကလည်း ပရဟိတလုပ်ငန်းကို စိတ်ဝင် စားကြပါတယ်။ ရွှေပိုး နန်းတော် Miss အဖြစ် ရရှိခဲ့သူ ချောရူပါသက်က Miss ပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်ဖြစ်ပြီး Photo တွေလည်းရိုက်ဖြစ်ကာ ပရဟိတ လုပ်ငန်းေ တွမှာလည်း စိတ်ပါဝင်စားသူ ဖြစ်ပါတယ်။
” ညီမက သူငယ်ချင်းတွေနဲ့လည်း ပရဟိတလုပ်ငန်းတွေ စုလုပ်ဖြစ်တယ်။ သူငယ်ချင်းတွေရဲ့အသင်းအဖွဲ့တွေမှာ လည်းဝင်ပါဖို့ရှိပါတယ်။ ခုလို Miss ဆုတစ်ဆုရတော့ ပရ ဟိတလုပ်ငန်းတွေလုပ်တဲ့အခါမှာလည်း ပိုပြီး အားအင်တွေ ရှိတာပေါ့။ အခုလို Miss  ရတဲ့အတွက် အနေအထိုင်အပြောအဆိုအ သွားအလာက အစပြော စရာမ ဖြစ်အောင်နေထိုင်ရပါတယ်။ အခုကကျောင်းတစ်ဖက်လည်း ရှိတော့အနုပညာအလုပ်တွေ ကိုအချိန်အပြည့် မလုပ်ဖြစ်သေးဘူး။ကျောင်းပြီးရင်တော့ လုပ်ဖြစ်မှာပါ။ ခုလို Miss ဆုတစ်ဆုကိုပိုင်ဆိုင် ရတဲ့အ တွက်အားအင်တွေ လည်းရှိပါတယ်” ဟု Miss  ရွှေပိုးနန်း တော်ချော ရူပါသက်က ပြောပါတယ်။ ချောရူပါသက်အနေဖြင့် Miss  ရရှိသည့်အတွက်ရွှေပိုး နန်းတော်၏ လှုပ်ရှားမှုများ တွင်လည်း Miss  တစ်ဦးအဖြစ်တစ်နှစ်ပါ ဝင်ခွင့်ရမည်ဖြစ် ကြောင်း သိရသည်။
Popular News
ဖုန်းဖြင့် ဆက်သွယ်၍ အကြံပြုချက်များ ပေးနိုင်မည့် အစီအစဉ် မြန်မာ့စီးပွားရေး ဘဏ်မှ ဆောင်ရွက် လိုက်ကြောင်း မြန်မာ့စီးပွားရေး ဘဏ်မှထုတ်ပြန်ကြေညာသည်။

အဆိုပါ ဘဏ်အနေဖြင့် ဝန်ဆောင်မှု ပိုမိုကောင်းမွန်စေရန် ပြုပြင်ဆောင်ရွက်နေပြီး ဝေဖန်အကြံ ပြုချက်များကို သတ်မှတ်ဖုန်းနံပါတ်များသို့ ဆက်သွယ်အသိပေး အကြံပြုနိုင်ကြောင်း၊ Customer များ အခက်အခဲရှိ အသိပေးပါက ထိရောက်စွာ ကူညီဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ဘဏ်နှင့်ဆက်သွယ် သူများသို့ အသိပေးကြေညာ ထားသည်။ ဖုန်း-၀၆၇- ၄၂၁၃၃၅၊ ၀၆၇-၄၂၁၃၂၈၊ ၀၆၇- ၄၂၁၄၈၁၊ ၀၆၇-၄၂၁၄၉၅၊ ၀၆၇-၄၂၁၄၉၄ တို့သို့ဆက်သွယ်နိုင်မည် ဖြစ်ကြောင်းသိရသည်။

မြန်မာ့ စီးပွားရေးဘဏ်အနေဖြင့် အွန်လိုင်းစနစ် တွဲဖက်အသုံးပြုခြင်း၊ ကြိုးနီစနစ် လျှော့ချဖယ်ရှားခြင်း၊ ဝန်ထမ်းလေ့ကျင့် သင်ကြားမှု တိုးမြှင့်ခြင်း၊ e-Pension စနစ် ဖန်တီးဆောင်ရွက်ခြင်း၊ Quick Cash စနစ်ဖြင့် Utility Bill Payment ဝန်ဆောင်မှုပေးခြင်း၊ ဘဏ်ခွဲများ၊ ဘဏ်ငွေခွဲ တိုက်များကို တိုးမြှင့်ဖွင့်လှစ်ခြင်း နည်းလမ်းများဖြင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်းမြန်မာ့စီးပွားရေးဘဏ်မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
- See more at: http://www.myanmarinternetjournal.com/content/8584#sthash.DRe6WPtB.dpuf

0 comments:

Post a Comment

Top