ဘာကလေမှ ရွေးချယ်သည့် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးဆုများကို အာဆင်နယ်အသင်းမှ သိမ်းကြုံး ဆွတ်ခူးသွားခဲ့သည်။ တစ်လတာ အကောင်းဆုံး ကစားသမားဆုရော တစ်လတာ အကောင်းဆုံး မန်နေဂျာ ဆုကိုပါ အာဆင်နယ်အသင်းက ရရှိသွားခြင်း ဖြစ်သည်။ ပြီးခဲ့သည့် လကလည်း တစ်လတာ ဆုများကို လီဗာပူးလ်တစ်သင်းတည်းက ဆွတ်ခူးခဲ့ခြင်း ဖြစ်သည်။

တစ်လတာ အကောင်းဆုံး ကစားသမားအဖြစ် အာဆင်နယ် ကွင်းလယ်ကစားသမား အာရွန် ရမ်းမ်ဆေးက ဆွတ်ခူးခဲ့ပြီး အကောင်းဆုံး မန်နေဂျာဆုကို အာဆင်ဝင်းဂါးက ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ရမ်းမ်ဆေးဟာ စက်တင်ဘာလအတွင်းမှာ ၄ ပွဲ ပါဝင် ကစားပေးခဲ့ပြီး ၄ ဂိုး သွင်းယူနိုင်ခဲ့သည့်အတွက် အကောင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။ ရမ်းမ်ဆေးဟာ ပြီးခဲ့သည့် လက ဆန်းဒါးလန်းအသင်းကို ၂ ဂိုး၊ စတုတ်နှင့် ဆွမ်ဆီးတို့ကို တစ်ဂိုးစီ သွင်းယူနိုင်ခဲ့သည်။  အာဆင်ဝင်းဂါးဟာလည်း လန်ဒန်ဒါဘီ ပြိုင်ပွဲဖြစ်သည့် စပါးအသင်းကို အနိုင်ရခဲ့သည့် ပွဲအပါအဝင် ၄ ပွဲစလုံး အနိုင်ရအောင် အာဆင်နယ်အသင်းကို ဦးဆောင် လမ်းပြပေးနိုင်ခဲ့သည့်အတွက် အဆိုပါ ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့ခြင်း ဖြစ်သည်။

အာဆင်ဝင်းဂါးဟာ တစ်လတာ အကောင်းဆုံး မန်နေဂျာဆုကို ၁၃ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။
Written by အောင်စိုးမိုး(နတ်ရွာ)

0 comments:

Post a Comment

 
Top