(၁) ၀ိနယ ပိဋကတော်
ရဟန်းယောက်ျားနှင့် ရဟန်းမိန်းမများအတွက် သတ်မှတ် ပညတ်ထားသော ကျင့်ဝတ် စည်းကမ်းများ ဖြစ်သည်။ ထိုဝိနယပိဋကကို ၅-ကျမ်း ထပ်မံ ခွဲခြားထား၏။

(၂) သုတ္တန္တ ပိဋကတော်
ဗုဒ္ဓဘုရားရှင် ရှေးဦးစွာ ဟောကြားသော ဓမ္မစကြာတရားတော်မှ စ၍ ပရိနိဗ္ဗာန်ပြုခါ နီး နောက်ဆုံးဖြစ်သော သြ၀ါဒဒေသနာတော်အထိ ၄၅-နှစ်ပတ်လုံး ဟောကြားတော်မူသည့် ဒေသနာတော် အမျိုးအစားများ ဖြစ်သည်။

(၃) အဘိဓမ္မ ပိဋကတော်
သုတ္တန်၊ ၀ိနည်းတို့ထက် ကဲလွန်သော သဘောတရားများ၊ နက်နဲသော သဘာဝဓမ္မ များကို စုစည်း ဖော်ပြ ထားသောကြောင့် အဘိဓမ္မပိဋကဟု ခေါ်သည်။ ဤအဘိဓမ္မ ပိဋကကို ကျမ်းအားဖြင့် ၇-ကျမ်း ခွဲခြားထား သည်။

ပိဋကတ် သုံးပုံလုံး၌ ပါဝင်သော အက္ခရာ လုံးရေမှာ ၁၁၀၂၁၇၅၀ (တစ်ကုဋေ တစ် သန်း နှစ်သောင်း တစ်ထောင် ခုနစ်ရာ့ ငါးဆယ်) ရှိလေသည်။

Source - သလ္လာဝတီ အွန်လိုင်းစွယ်စုံကျမ်း

0 comments:

Post a Comment

 
Top