မြန်မာနိုင်ငံ မြို့ကြီးများတွင် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များနှင့်
ဗုံးတွေ့ရှိမှု ဖြစ်စဉ်များ ဆက်တိုက် ဖြစ်ပွားနေသော်လည်း ယခုနှစ်
ကျိုက်ထီးရိုးဘုရားသို့ လာရောက်ဘုရားဖူးသူများမှာ ပုံမှန်နှစ်စဉ်အတိုင်း
စည်ကားနေကြောင်း သတင်းရရှိသည်။
ပုံမှန် နှစ်များအတိုင်း
ဘုရားဖူးများဖြင့် စည်ကားနေသော်လည်း မကြာသေးမီကာလက ရန်ကုန်မြို့ အပါအ၀င်
မြို့ကြီးများတွင် ဗုံးပေါက်ကွဲ တွေ့ရှိမှု ဖြစ်စဉ်များကြောင့်
ကျိုက်ထီးရိုးဘုရား ရင်ပြင်တော်နှင့် စေတီတော် ပရိဝုဏ်တစ်ဝိုက်တွင်
လုံခြုံရေးအထူး ကြပ်မတ် ဆောင်ရွက်နေကြောင်း သိရသည်။
မွန်ပြည်နယ်
ဒုရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဘိုက"ဖွင့်ပွဲရက် မတိုင်ခင် နှစ်ရက်လောက်ကတည်းက
လုံခြုံရေးကို ချထားပါတယ်။ ရဲတပ်ရင်း တစ်ရင်းနဲ့ ရင်ပြင်တော်
ရဲတပ်ဖွဲ့ဝင်တွေက ဂေါပကအဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုံခြုံရေး
ဆောင်ရွက်နေပါတယ်"ဟု အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက The daily Eleven
သတင်းစာသို့ ပြောကြားခဲ့သည်။
Eleven
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment