Photo














အလေးမတာကြောင့် အမျိုးသားတွေမှာ အမျိုးအစား (၂) ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ကြောင်း  လေ့လာမှုက ဆိုပါတယ်။ ပုံမှန်အလေးမတာဟာ ဆီးချိုရောဂါဖြစ်နိုင်ခြေကို သုံးပုံတစ်ပုံနဲ့ အထက် လျော့ကျစေတယ်လို့ အမျိုးသား သုံးသောင်း နှစ်ထောင်ကျော်ကို လေ့လာမှုအရ သိရကြောင်း ဆေးပညာဂျာနယ်မှာ ဖော်ပြထားပါတယ်။ ပုံမှန်လေ့ကျင့်ခန်း လုပ်တာကြောင့် ရောဂါဝေဒနာတွေ မဖြစ်အောင် ကာကွယ်နိုင်ကြောင်း သိပြီးသားပါ။ အမေရိကန်က ဟားဗတ်တက္ကသိုလ်နဲ့ ဒိန်းမတ်တက္ကသိုလ်မှ လေ့လာသူတွေက အမျိုးသား ၂၃၀၀ နီးပါးကို ၁၈ နှစ်ကြာ လေ့လာခဲ့တဲ့အခါ တစ်နေ့မှာ မိနစ် ၃၀ ကြာနဲ့ တစ်ပတ်မှာ ငါးရက်ခန့် အလေးမခဲ့ရာ ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေကို ၃၄ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ပါတယ်။ တစ်ပတ်မှာ တစ်နာရီကျော်ပဲ လေ့ကျင့်ခန်းလုပ်ရင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၁၂ ရာခိုင်နှုန်း လျှော့ချနိုင်ပါတယ်။ တကယ်လို့ အလေးမ လေ့ကျင့်ခန်းနဲ့ အေရိုးဗစ်လေ့ကျင့်ခန်း နှစ်မျိုးစလုံးကို တွဲလုပ်ပေးရင် ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို ၅၉ ရာခိုင်နှုန်းနဲ့ အထက် လျော့ကျစေနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ် ပြောဆိုထားပါတယ်။ အမျိုးသမီးတွေမှာတော့ တူညီတဲ့ရလဒ်ကို မတွေ့ရပါဘူး။
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)

0 comments:

Post a Comment

 
Top