၂၀၀၇ မော်ဒယ် Aston Marsin V8 ရဲ့ အင်္ဂလန်မှာ မူရင်းရောင်းဈေးကတော့
အမေရိကန်ဒေါ်လာ ၁၁၀၀၀၀ ရှိပါတယ်။ ဂျပန်ကားလေလံထဲမှာတော့ ယန်း ၇၃သိန်း
ဝန်းကျင်နဲ့ ပေါက်နေပါတယ်။ Condition ကလည်း ၄.၅ အဆင့်ဆိုတော့
အလတ်ကြီးရှိသေးတဲ့ ကားမို့လို့ ဖြစ်ပါ တယ်။ ဒီတော့ မြန်မာငွေနဲ့ တွက်ရင်
၈၁၀ သိန်းကျော် ရှိပါတယ်။ အင်ဂျင်ပါဝါက ၄၃၀၀ စီစီဖြစ်ပြီး ၂၀၀၇ မော်ဒယ်
ဆိုတော့ သတ်မှတ်မော်ဒယ် ထပ်တော့ မကျော်ပါဘူး။ သို့ပေမယ် အခွန်ပမာဏနဲ့
ပေါင်းလိုက်ရင် သိန်း ၂ထောင်ပတ် လည်လောက် ပေါက်ဈေးရှိမယ့် ကားဖြစ်ပါတယ်။
ဂျိမ်းဆဘွန်းမောင်းတာကတော့ Aston Marin One-77
ဖြစ် ပါတယ်။ အခု ဂျပန်လေလံမှာ တွေ့တာက Aston Martin Vantage V8 ဖြစ်ပြီး
One-77 လိုတော့ ကမ္ဘာ့ဈေးကြီးကား မဟုတ်ပါဘူး။ သို့ပေမယ့် Aston မှ
တစ်နှစ်ကိုအစီး ၃၀၀၀ သာထုတ်တဲ့ ဈေးကြီး ဇိမ်ခံပြိုင်ကား ဖြစ်ပါတယ်။
ဂျပန်လေ လံဈေးထဲမှာလည်း ရှိနေတဲ့အတွက် မြန်မာပြည်သား များလည်း အလွယ်တကူ
ဝယ်စီးနိုင်မယ့် ကားမျိုး ဖြစ်ပါ တယ်။
တံခါးနှစ်ပေါက် နှစ်ယောက်စီး
ဇိမ်ခံပြိုင်ကားဖြစ်ပါတယ်။ hardtop နဲ့ roadster နှစ်မျိုးထုတ်ပါတယ်။
Hardtop ကတော့ ဘော်ဒီနဲ့တစ်ဆက်တည်းရှိတဲ့ အမိုးမာဖြစ်ပါတယ်။ Roadster ကတော့
အဖွင့်အပိတ်အလွယ် တကူ ပြု လုပ်နိုင်အောင် တပ်ဆင်ပေးထားတဲ့ ပေါ့ပေါ့ပါးပါး
အမိုးများ ဖြစ်ပါတယ်။ ယင်းအတွက် အဆင့်မြင့်ရာဘာသား များကို အသုံးပြုပါတယ်။
ကားဘော်ဒီတစ်ခုလုံးကို အလူမီနီယံနဲ့လုပ်ထားပါတယ်။ ဒါကြောင့် ကားရဲ့ ဝိတ်က
အခြား အရွယ်တကူ ပြိုင်ကားနဲ့ယှဉ်ရင် ပေါ့ပါတယ်။
အင်ဂျင်ပါဝါ ၄၃၀၀
စီစီ၊ ပစ်စတစ် ၈လုံး V အင်ဂျင်ကို အသုံးပြုထားပါတယ်။ ၂၀၀၆ မော်ဒယ်ကစပြီး
ယနေ့ထိ ထုတ်နေတာ ဖြစ်ပါတယ်။ ၂၀၀၈ မော်ဒယ်အထက်မှာ ၁၂လုံးပူး
ပစ်စတင်ကိုအသုံးပြုပြီး အင်ဂျင်ပါဝင်လည်း ၆၀၀၀ စီစီဖြစ်သွားပါတယ်။
အင်ဂျင်ဆိုက်တူတဲ့ V8 မှာတောင် ၄၇၀၀ စီစီအထိ မြင့်တင်ခဲ့လို့ ဖြစ်ပါတယ်။
ဒီတော့ ၂၀၀၇ မော်ဒယ်အထိကတော့ ၄၃၀၀ စီစီပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။
မြင်းကောင်ရေအား
၃၈၀ ထုတ်လုပ်နိုင်ပြီး အမြန်ဆုံး တစ်နာရီ ၁၇၅ မိုင်ပြေးပါတယ်။ ၆ချက်
လက်ထိုးနဲ့ ၆ချက် အော်တို နှစ်မျိုး ထုတ်ထားပါတယ်။ ၂၀၀၇ မော် ဒယ်မှာတော့
၆ချက် လက်ထိုးကိုပဲ အသုံးပြုထားပါတယ်။ အင်ဂျင်ကို ရှေ
့အလယ်ကျကျမှာတပ်ဆင်ထားပြီး ဝမ်းဗိုက်အောက် နည်းနည်းကျပါတယ်။ Gravity သဘော
တရားအရ သီအိုရီအတိုင်း တွက်ချက်တပ်ဆင်ထား တာ ဖြစ် ပါတယ်။ ဒီတော့
ဝမ်းဗိုက်နဲ့ ကပ်နေတဲ့ အင်ဂျင်ကြောင့် မြန်မာပြည်က အနိမ့်အမြင့်လမ်းများမှာ
အသုံးပြုလို့အဆင်ပြေဖို့ကတော့ User တို့ အပေါ်မှာသာ မူတည်ပါတယ်။
Safety
အတွက် test လုပ်တုန်းက ကြယ်ငါးပွင့်လုံးရရှိခဲ့ပါ တယ်။ အော်တို
မဂ္ဂဇင်းများမှလည်း ၂၀၀၇အတွက် အကောင်းဆုံး ကားစာရင်းတွေထဲမှာ
ထည့်သွင်းဖော်ပြ ပါတယ်။ ပြိုင်ကားဖြစ်ပြီး ဗားရှင်းအမျိုးမျိုးတောင်
ခွဲထုတ်ပါသေးတယ်။ ဥပမာ- GT,N400, Vintage S အစရှိသဖြင့်
ခွဲထွက်ထားပါသေးတယ်။ ပြိုင်ကား ဗားရှင်းမှာ ဆိုရင် တစ်နာရီမိုင် ၂၀၀
ကျော်တောင် ပြေးတယ် လို့ဆိုပါတယ်။ ဒီတော့ ဆီစားလည်း မသက်သာမယ့် ကားမျိုး
ဖြစ်ပါတယ်။ ကာဘွန်ဖိုက်ဘာ လေယာဉ်နောက်မြီး (အဲရိုးဒိုင်းနမစ်) ကြောင့်လည်း
ပြိုင်ကားမှန်း ပိုသိသာ စေ ပါတယ်။ နောက်ဘက်ကို Hactchback
လိုခပ်ခုံးခုံးထား ပါတယ။ ဒါက V8 Vantage ရဲ့ ဒီဇိုင်းပဲ ဖြစ်ပါတယ်။
အီလက်ထရောနစ်
Gadget ကတော့ ဇိမ်ခံကားများလောက် မစုံပေမယ့် အော်ဒီယို စနစ်ကောင်းကောင်း၊
အဲယာကွန်း စနစ်ကောင်းကောင်း၊ အီလက်ထရောနစ်ထိန်း ဘရိတ်စနစ်၊ စမတ်ကီး၊
ပါဝါဝင်းဒိုး၊ ပါဝါ တံခါးပေါက်၊ ဘက်မှန်၊ LED မီးလုံး အစရှိသဖြင့်တို့
ပါဝင်ပါသေးတယ်။ ဒါတွေကလည်း မပါရင်တောင် နောက်ပိုင်း အကုန်အကျ အနည်းငယ်နဲ့
ကိုယ်တိုင်ပြန်တပ်ဆင်နိုင်တဲ့ အပိုင်းများ ဖြစ်ပါတယ်။
အရှည် ၁၇၂.၅
လက်မ၊ အကျယ် ၇၃.၅ လက်မ၊ အမြင့် ၄၉.၄ လက်ကိုယ်စီ အတိုင်းရှိပြီး ၃၄၁၃
ပေါင်သာလေးတဲ့ ဝိတ်ပေါ့ပေါ့ ပြိုင်ကား ဖြစ်ပါတယ်။ မြန်မာကျပ်သိန်း
၂ထောင်ဆိုတာ လက်တလောပေါက်ဈေးဖြစ်ပြီး အေး ဂျင့်တွေမှတစ်ဆင့်
တိုက်ရိုက်မှာစီး မယ်ဆိုရင် ဒီထက် လည်း ဈေးသက်သာနိုင်ပါသေးတယ်။
---
http://www.colayonline.com.mm/automobile/portal.html#auction
Subscribe to:
Post Comments (Atom)


















0 comments:
Post a Comment