မြန်မာ နိုင်ငံ မြေအောက်သယံဇာတတူး ဖော်ရေးလုပ်ငန်းများဖြစ်သော မုံရွာ-လက်ပံတောင်းတောင်ကြေး 

နီမိုင်းလုပ်ငန်းများတွင်လည်း ကောင်း၊ ချင်းပြည်နယ် မြွေတောင် ဖားတောင်ကြေးနီထွက်ဒေသ 

များတွင်လည်းကောင်း၊ အခြား အခြားသော ကြေးနီထွက်ဒေသ 

များတွင်လည်းကောင်း၊ ကြေးနီ နှင့်တွဲလျက် ရွှေထွက်နေမည်ဖြစ် ကြောင်း ချင်းအမျိုးသားပါတီမှ ဦးဇိုဇမ်က 

ကလေးမြို့ မြို့မိမြို့ဖ နှင့်တွေ့ဆုံပွဲတွင်လည်းကောင်း၊ ဟားခါးမြို့ဒေသခံမြို့မိမြို့ဖတ 

ို့ နှင့်တွေ့ဆုံပွဲတွင်လည်းကောင်း ပြောသည်။
''
 ကျွန်တော်က ဂျာမနီနိုင်ငံ မှာ ဘူမိဗေဒနဲ့ ဘွဲ့ရခဲ့တာပါ။ ကျွန် တော်တို့ 

သင်ခဲ့ရတာကတော့ ကြေးနီထွက်တဲ့နေရာတိုင်းမှာ ရွှေထွက်တယ်။ ကျွန်တော်ကပြော တယ်။ 

အခုကြေးနီထွက်တဲ့ လက်ပံ တောင်းဒေသမှာ ကြေးနီအပြင် ရွှေထွက်တယ်ဆိုတာကို သမ္မတ 

ကြီးလဲမသိဘူး။ ဒေါ်အောင်ဆန်း စုကြည်လဲ မသိဘူး။ အခု မြွေ တောင်ဖားတောင်က ကြေးနီထွက် 

မယ်လို့ ပြောတယ်။ အနောက် ကုမ္ပဏီက သူတို့နိုင်ငံကို မြေတွေ သယ်ပြီးမှ 

ချက်လုပ်မယ်လို့ပြော နေတယ်။ ကျွန်တော်သိထားတာ က ကြေးနီထွက်တဲ့နေရာတိုင်း 

မှာ ရွှေထွက်တယ်''ဟု ဦးဇိုဇမ် က ပြောသည်။

ယခုအခါ ချင်းတောင်နေ ရာအနှံ့တွင် မြေအောက်သယံ ဇာတများရှိနေသည်ဟုသတင်း 


များဖြစ်ပေါ်လျက်ရှိရာ ကံ့ကူဆံ ကို ကန်ပက်လက်နယ်က ဒင်ချောင် မြောက်ပိုင်းစခန်းတွင်လည်း ကောင်း၊ 

တီးတိန်နယ် ဒေါနတောင်၊ မောပစ်စခန်းတွင်လည်းကောင်း၊ ကြေးနီကို ကန်ပက်လက်နယ် ရင် 

ကွဲတောင်တွင်လည်းကောင်း၊ ခရို မိုက်ကို 

ကန်ပက်လက်နယ် မောင် တော် နှမတော်တောင်တွင်လည်း ကောင်း၊ တီးတိန်နယ် မြွေတောင် 

ဖားတောင်နှင့်ဘိုပီပွန်ဒေသတို့ တွင်လည်းကောင်း၊ ဖလမ်းနယ် နမ်ခ၊ ပါမွန်ဒေသ ဝေဘူလဒေသ၊ 

ဟားခါးမြို့နှင့်ဖလမ်းမြို့အကြား တွင်လည်းကောင်း၊ ထုံးကျောက် ကိုတီးတိန်၊ ဖလမ်း၊ ဟားခါး နေ 

ရာအနှံ့တွင်လည်းကောင်း၊ နီ ကယ်ကို တီးတိန်၊ တွန်းဇံ၊ ဖလမ်း နယ်များတွင်လည်းကောင်း၊ သံ သတ္တုကို 

တီးတိန်၊ ဖလမ်းနယ် တို့တွင်လည်းကောင်း အမြောက် အမြားထွက်ရှိနိုင်သည့်မှတ်တမ်း 

များစမ်းသပ်မှုများရှိခဲ့ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ်၏ တီး တိန်မြို့လူထုစည်းဝေးပွဲတွင် ပြော 

ကြားချက်များအရ သိရသည်။

ပန်သစ္စာ ၊ စက်တင်ဘာ(၁၁) ၊ ရန်ကုန်
Yangon Media Group

0 comments:

Post a Comment

 
Top