Image may contain: one or more people and outdoor
 ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများပေါ် သို့တက်၍ နေ၀င်ချိန်ကြည့်ရှုမှုကို ပိတ်ပင်မည်ဖြစ်၍ နေ၀င်ချိန် ကြည့်ရှုရန် တောင်ကုန်းငါးခုအ စားထိုးတည်ဆောက်ပေးမည်ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက 7Day Daily အား ပြောကြားသည်။

နေ၀င်ချိန်ကြည့်ရှုရန် တောင်ကုန်းအတုများ ဖန်တီးပေးမည်မ ဟုတ်ဘဲ သဘာဝရေကန်များကို ဆယ်ယူပြီး တောင်ကုန်းအဖြစ် ပြု လုပ်ပေးမည်ဟု ပြည်ထောင်စုဝန် ကြီးက ပြောသည်။

‘‘အတိုင်ပင်ခံပုဂ္ဂိုလ်ကြီးက စေတီပုထိုးတွေပေါ်တက်ပြီးမှ နေ ၀င်ချိန်ရှုခင်းကြည့်တာကတော့ ကန့်သတ်ရမယ်။ လျှော့ချသွားရ မယ်။ နောင်လုံးဝမရှိအောင် လုပ် ရမယ်လို့ လမ်းညွှန်သွားပါတယ်။ အဲဒီအခါမှာ တောင်ကုန်းလေး တွေ ဆောက်ရပါမယ်။ ပုဂံမှာ သဘာဝရေကန်တွေရှိပါတယ်။ အဲဒီရေကန်တွေက ကောနေပါပြီ။ အဲဒီကန်တွေကို ပြန်ဆယ်မယ်။ ဆယ်လိုက်တဲ့အခါကျတော့ ခုန မြေဇာတွေက တောင်ကုန်းဖြစ် လာပါမယ်။ ပတ်ဝန်းကျင်နဲ့ သဟ ဇာတဖြစ်အောင် လုပ်ပါမယ်။ မြက်စိုက်တာတွေ ဘာတွေလုပ်ပါ မယ်။ အဲဒီတောင်ကုန်းတွေအ တွက် ဘဏ္ဍာငွေလည်းရှိပါပြီ။ အဲဒီတောင်ကုန်းတွေမှာပဲ အမှိုက် သိမ်းတဲ့စနစ်တွေ၊ စားသောက် ဆိုင်တွေ၊ အိမ်သာတွေက အစရှိပါ မယ်’’ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

ရေကန်များ ဆယ်ယူပြီး တောင်ကုန်းများ တည်ဆောက်ပေးမှုကို ယူနက်စကိုကလည်း သဘောတူထားပြီး ရေကန်တစ်ခုစတင်ပြုလုပ်နေကြောင်း ၀န်ကြီးက ဆက်လက်ပြောသည်။

‘‘နေ၀င်ချိန်ကြည့်တဲ့ တောင် ကုန်းလေးတွေဆောက်မယ်ပေါ့။ ယူနက်စကိုက တောင်ကုန်းအတု တွေ သိပ်ပြီးမဆောက်စေချင်ဘူး။ မဆောက်ရင် ဘုရားတွေပေါ် တက်ပြီးတော့ နေ၀င်ချိန်ကြည့်ကြ တာပေါ့။ တချို့ကျတော့လည်း ဖိနပ်စီးတော့ ပြဿနာတက်ကြ တယ်။ တချို့ကျလည်း နေ၀င်ချိန် ကြည့်ရင်းနဲ့ ဘီယာသောက်ကြ တာပေါ့။ အဲဒီထက်ပိုအရေးကြီး တာက ဒီစေတီတွေက နှစ်ပေါင်း သက်တမ်းတစ်ထောင်ရှိခဲ့ပြီ။ အာ မမခံနိုင်တော့ဘူး။ ပြိုကျသွားမယ် ဆိုရင် နံပါတ်တစ် ရှေးဟောင်း အမွေအနှစ်တွေ ပျက်စီးသွား မယ်။ နံပါတ်နှစ် ပြည်တွင်းပြည်ပ ဧည့်သည်တွေလည်း ထိခိုက်အနာတရရသွားနိုင်တယ်’’ဟု ၀န်ကြီး သူရဦးအောင်ကိုက ပြောသည်။

စေတီပုထိုးများပေါ်သို့တက် ၍ နေ၀င်ချိန်ကြည့်ရှုရာတွင် ရှေး ဟောင်းအမွေအနှစ်များပျက်စီး စေသောကြောင့် ရေရှည်တွင် ခွင့်ပြုနိုင်မည်မဟုတ်ကြောင်း နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၂၄ ရက် ပုဂံမြို့သို့ ရောက်ရှိချိန်၌ ပြောကြားခဲ့သည်။

‘‘ဘုရားတွေ အကုန်လုံးကို ပိတ်လိုက်မယ်ဆိုတာတော့ မ ဟုတ်သေးဘူး။ ပိတ်လိုက်ရင် ခရီး သွားတွေတစ်မျိုးဖြစ်သွားနိုင် တယ်။ အရမ်းအန္တရာယ်များတဲ့ ရွှေဆံတော်လို ဘုရားမျိုးကိုတော့ ပိတ်ရမယ်။ ဘာကြောင့်ရွှေဆံ တော်ပေါ်မှာ လူတွေအများကြီး တက်နေလဲဆိုရင် တက်ကြည့်လို့ ရတဲ့ ဘုရားတွေကို ပိတ်ထားလိုက်လို့ ကြည့်လို့ရတဲ့ ဘုရားပေါ်ပဲ စုပုံ တက်နေကြတာပဲ။ ဘုရားတွေ အားလုံးကို ပိတ်တာတော့ ဒေသ ခံတွေ လက်မခံနိုင်ဘူးထင်တယ်’’ ဟု ပုဂံမြို့ ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုက ပြောသည်။

လက်ရှိတွင် နေ၀င်ချိန်ကြည့် ရှုရန် ရွှေဆံတော်၊ ပြာသာဒ်ကြီးနှင့် တောင်ဂူနီစသည့် ဘုရားသုံးဆူ ကိုသာခွင့်ပြုပေးထားသည်။ ပုဂံ ဒေသခံအများစုသည် လာရောက် လည်ပတ်သည့် ခရီးသွားများနှင့် ဆက်စပ်သည့် လုပ်ငန်းများကို သာ အဓိကလုပ်ကိုင်ကြသည်။

ပုဂံဒေသသို့ တစ်ရက်လျှင် ကမ္ဘာလှည့်ခရီးသွားတစ်ထောင်ခန့်လာရောက်နေကြောင်း သတင်းရရှိသည်။

7daynews journal
Next
This is the most recent post.
Previous
Older Post

0 comments:

Post a Comment

 
Top