ဇူလိုင်လကုန်ပိုင်းမှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မန္တလေးတိုင်းဒေသကြီး မြို့နယ် ၉ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၁၀၀ ကျော်တွင် ရေ၀င်နစ်မြုပ်မှုဖြစ်ပေါ်လျက်ရှိကြောင်း တိုင်းဒေသကြီး ကယ်ဆယ်ရေးနှင့်ပြန်လည်နေ ရာချထားရေးဦးစီးဌာနမှ သိရှိရသည်။
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်ကြီး၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ တံတားဦး၊ စဥ့်ကူး၊ စဥ့်ကိုင်၊ မြင်းခြံ၊ တောင်သာနှင့် ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအတွင်းသို့ ရေ၀င်ရောက်မှုဖြစ်ပေါ်ကာ ရေလွတ်ရာနေရာများထံ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
သြဂုတ် ၂ ရက်အထိ ကောက်ယူရရှိသောစာရင်းများအရ မန္တလေးတိုင်းဒေသကြီးအတွင်း၌ ရေဘေးသင့် အိမ်ထောင်စု ၈၁၁၇ စုရှိပြီး ရေးဘေးသင့်ပြည်သူ ဦးရေ စုစုပေါင်း ၃၀၉၈၃ ဦး ရှိကြောင်း သိရသည်။
(ဓာတ်ပုံ - အောင်သူ)
■ လဲ့လဲ့အောင်
Eleven Media Group

0 comments:

Post a Comment

 
Top