အိုင်းရစ်လူမျိုးစုံတွဲ ဂျွန်ဂျန်ကင်စ်နှင့် ကက်ထရီနာခရောဖို့ဒ် တို့၏ မြန်မာပြည် ပျားရည်ဆမ်းခရီးစဉ်သည် ဘုရင်အမှတ်တံဆိပ် စားသုံးကုန်လုပ်ငန်းကို တည် ထောင်ရန် ဖြစ်ခဲ့သည်။ သူတို့၏ ဘုရင်တံဆိပ် စားသုံးဆီသည် အိုင်းရစ်ကုမ္ပဏီတစ်ခုက မြန်မာ ကနေ ပြည်ပသို့ ပထမဆုံးနှင့် တစ်ခုတည်းသော စားသုံးကုန် တင်ပို့သည့် လုပ်ငန်းလည်း ဖြစ် သည်။

ဘုရင်အမှတ်တံဆိပ် နှမ်းဆီ နှင့် မြေပဲဆီများကို မြန်မာနိုင်ငံ အနောက်အလယ်ပိုင်းက မြင်စိုင်း ဆိုသည့် ရွာငယ်လေးမှာ ထုတ် လုပ်သည်။ မြေပဲနှင့်နှမ်းများကို စိုက်ပျိုး၊ ရိတ်သိမ်းပြီး စည်ကြီး များနှင့်လှောင်ကာ သဘာဝ အတိုင်း ထုတ်လုပ်ထားခြင်းဖြစ် ၏။ အခြားဆီများနှင့်မတူတာက ဘုရင်တံဆိပ် စားသုံးဆီများသည် စက်ကိရိယာအနည်းငယ်သာ သုံးပြီး သဘာဝအတိုင်း ထုတ် လုပ်ထားခြင်းဖြစ်၏။ အခြားစက် ကြိတ်ဆီများထက် ထုတ်လုပ်ရာ တွင် အနည်းငယ်ခက်ခဲသော် လည်း အရသာ ပြည့်ကြွယ်ဝသည့် ဆီများဖြစ်သည်။

ဘုရင်ဆိုသည့် မြန်မာ အမည်မှာ အင်္ဂလိပ်လို "King" (မင်း)ဟု အမည်ရပြီး ဆီလုပ်ငန်း ကိုတည်ထောင်သူ ဂျွန်ဂျန်ကင်းစ် က သီပေါမင်း၏ အဆက်အနွယ် ဖြစ်သည်ဟူသော ကောလာဟလ ပြောစကားများကို အခြေပြုပြီး နာမည်ပေးထားခြင်းဖြစ်သည်။

‘‘ကောလာဟလ ပြောစကားတွေမှန်ခဲ့တယ်ဆိုရင်တော့ ကျွန်တော့် ရဲ့အဘီ (အဘွား၏ အဘွားက) မြန်မာမင်းသမီးတစ်ပါးတဲ့။ မိဘတွေသဘောမတူတဲ့ မြင်း ထိန်းတစ်ယောက်ကို လက်ထပ် ခဲ့တယ်။ ကျွန်တော်တို့ မြန်မာပြည် ကို ပျားရည်ဆမ်းခရီးထွက်လာ တော့ ကျွန်တော့်အဘွားရဲ့ ဓာတ်ပုံတွေ ပါလာခဲ့တယ်။ ကျွန်တော် တို့နဲ့ စကားပြောတဲ့ လူတိုင်းက ဒီလိုဓာတ်ပုံမျိုးတွေကို ဟိုတုန်းက ရိုက်နိုင်ခဲ့တဲ့သူတွေဟာ ဘုရင်နဲ့ ဆက်စပ်နေသူတွေသာ ဖြစ်နိုင် တယ်။ ဒါကြောင့် ကျွန်တော့် အဘွားဟာ ဘုရင်ရဲ့ မြစ်တစ်ယောက် ဒါမှမဟုတ် ဝမ်းကွဲ အနွယ်တော် တစ်ယောက်ဖြစ်မယ်လို့ ကျွန် တော်တို့က ထင်ပါတယ်’’

သူတို့၏ မြန်မာပြည်အနှံ့ခရီးစဉ်တွင် ဂျွန်နှင့်ကက်ထရီနာတို့ သည် မြင်စိုင်းရွာ၌ ပဲဆီ၊ နှမ်းဆီအများအပြားထွက်တာ၊ ဆီကိုလည်း ချက်ပြုတ်ရာတွင် နည်းမျိုးစုံသုံးကြတာကို သတိထားမိကြ သည်။ အဆိုပါခရီးစဉ်တွင် သူတို့ရွာက စာသင်ကျောင်းကို သွား လည်ပတ်ခဲ့၏။ ထိုအခါ ကလေး များသည် ကျောင်းတက်ရန် ရေစီးသန်သော မြစ်များကိုဖြတ်ပြီး နှစ်နာရီလောက် ခရီးဝေးကနေ လာခဲ့ရတာတွေကိုလည်း ကြားသိခဲ့ကြ သည်။

လူမှုရေး စီးပွားလုပ်ငန်းစု

သူတို့တည်ထောင်သည့် လူမှုရေးအကျိုးပြု စီးပွားရေးလုပ် ငန်း၏ ရည်ရွယ်ချက်မှာ မြင်စိုင်း ကျေးရွာအတွက် အကျိုးဖြစ်ထွန်း ရန်နှင့် စာသင်ကျောင်းတည် ထောင်ပေးရန်ဖြစ်သည်။ ‘‘ကျွန် တော်တို့ရဲ့ ဒေသခံ ဧည့်လမ်းညွှန် ဂျိုးနဲ့ထိုင်ပြီး ဘာတွေတင်ပို့နိုင်မလဲ ဆွေးနွေးကြတယ်။ ကျွန် တော်တို့က ဆီဆိုရင်ကောလို့ ပြောလိုက်တော့ ဂျိုးက ထခုန်ပြီး သူ့အမေမှာ ကိုယ်ပိုင်ဆီလုပ်ငန်းရှိ တယ်လို့ပြောတယ်။ ပြီးတော့ သူ့အမေအိမ်ကို ကျွန်တော်တို့ကို ခေါ်သွားတယ်’’

ဂျွန်နှင့် ကက်ထရီနာက ဂျိုး ကို မြင်စိုင်းရွာမှာ သူတို့၏ ရွာခံ စီးပွားရေးတွဲလုပ်သူအဖြစ် စီစဉ် ပြီးထားခဲ့သည်။ သူတို့က အိုင် ယာလန်ကိုပြန်လာခဲ့ပြီး ၂၀၁၃ သြဂုတ်၌ လုပ်ငန်းမှတ်ပုံတင်ကာဆီပုလင်းများထားရန်နေရာနှင့် ကုန်ကြမ်းထုတ်ရန် တံဆိပ်များကို စီစဉ်ခဲ့သည်။

ထို့နောက် စားသုံးဆီကို မြန်မာကနေ အိုင်ယာလန်ကို ပို့ပေးမည့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီများကို စတင်ရှာဖွေကြ ၏။ သည်အချက်က သူတို့မှန်း ထားသည်ထက် ပိုမိုခက်ခဲနေခဲ့ သည်ဟု ကက်ထရီနာက ရှင်းပြ သည်။

‘‘ဘာလို့လဲဆိုတော့ မြန်မာ အပေါ် အရေးယူပိတ်ဆို့မှုတွေက ဖယ်ရှားပေးတာ လောလောလတ် လတ်ပဲရှိသေးတယ်။ မြန်မာနဲ့ ဥရောပကြားမှာ ပစ္စည်းပို့တဲ့လိုင်း မရှိဘူး။ အိုင်ယာလန်ကပဲ စပို့ ရမလိုဖြစ်နေတယ်။ ကျွန်မတို့ နေရာတိုင်းကိုဖုန်းခေါ်ပြီး ကူညီ နိုင်မလားလို့မေးတယ်။ ဒါပေမဲ့ ဘယ်သူမှ မသိကြဘူး။

အိုင်ယာလန် နိုင်ငံခြားရေးနဲ့ ကုန်သွယ်မှုဌာနကလည်း ကြားကနေ အဲဒီကိုပို့ဖို့ အရမ်းခက် တယ်။ မဖြစ်နိုင်လို့ မတောင်းဆိုပါ နဲ့လို့ပြောတယ်။ နောက်ဆုံးမှာ တော့ အီမာလဒ် (emerlad) ကုန်စည်ပို့ဆောင်ရေးနဲ့ အဆက် အသွယ်ရပြီး သူတို့က ကျွန်မတို့ အတွက် လုပ်ပေးမယ်လို့ သဘော တူလိုက်ပါတယ်’’

ထို့အတူ မြန်မာနိုင်ငံသို့ ငွေလွှဲရာတွင်လည်း အခက်အခဲ များရှိသည်။ ပထမအကြိမ် သူတို့ လွှဲတုန်းက ငွေတွေက ပျောက် ခြင်းမလှ ဖြစ်သွား၏။ ကက်ထရီ နာက ဘဏ်ကိုသွားပြီး ဘာဖြစ် တာလဲဟု မေးသောအခါ ဘဏ် က ငွေလမ်းကြောင်းကိုခြေရာခံဖို့ ဘဏ်တစ်ခုဆီကို ယူရို ၂၀၀ ပေး ရမည်ဟု ပြောသည်။ သူတို့ငွေလွှဲ ရာလမ်းကြောင်းတွင် အဆင့်ဆင့် ပတ်သက်နေသော ဘဏ်များက ဘဏ် ၁၀ ခုတောင်ရှိသည်။

‘‘ကံကောင်းချင်တော့ မြန်မာဗဟိုဘဏ်က ဒုတိယညွှန်ကြား ရေးမှူး ဦးဝင်စတန်ဆက်အောင် နဲ့ လန်ဒန်က အစည်းအဝေးတစ်ခု မှာဆုံတယ်။ အဲဒါကြောင့် သူ့ကို အခြေအနေရှင်းပြပေးဖို့ ကျွန်မ တို့က တောင်းဆိုတယ်။ တိုက် ဆိုင်တာလားတော့မသိဘူး။ အဲဒီလိုပြောပြီး နောက်နှစ်ရက်လောက် မှာ ပိုက်ဆံက အဆင်ပြေသွား တယ်’’

အားပေးမှုအများကြီးရ

‘‘သူက ကျွန်တော်တို့ကို အများကြီး အကူအညီပေးပါ တယ်။ အထူးသဖြင့် ကျွန်တော်တို့ ကို ကူညီပေးနိုင်မယ့်သူတွေနဲ့ ဆက်သွယ်ပေးတယ်။ စီးပွားကူး သန်းက ဦးဆောင်ညွှန်ကြားရေး မှူး ဦးအောင်စိုးကလည်း အကူ အညီတွေအများကြီးပေးပါတယ်။ သူက စီးပွားရေးမှာ အရင်အတွေ့ အကြုံမရှိခဲ့တဲ့ ဂျိုးကိုလည်း စီးပွား ရေးဘယ်လို လုပ်ရမယ်ဆိုတာ သင်ပြပေးတယ်’’

သည်လို ခက်ခဲမည်မှန်းသိခဲ့ လျှင် သည်စီးပွားရေးကို သူတို့ စလုပ်မိခဲ့ပါ့မလားဟု ဂျွန်က စဉ်း စားသည်။

‘‘ဖြစ်စရာအကြောင်းတော့ မရှိဘူး။ ကျွန်တော်တို့အနေနဲ့ အသစ်တွေကို အမြဲကြုံရမယ်။ အဲဒီကြုံလာသမျှ အသစ်တွေက လည်း ပြဿနာတွေပေးနေမှာပဲ။ ဒါကို ဖြေရှင်းရတာကိုက ပျော် စရာတစ်မျိုးပါ’’

သူ၏ဇနီး ကက်ထရီနာကမူ

‘‘နေရာတကာကို လိုက်ခေါ် ပြီး အကူအညီတောင်းဆိုနေရတဲ့ အခါတွေလည်းရှိတယ်။ အဲဒီ အခါမျိုးမှာ နံရံကြီးကို ထုနေရတဲ့ အဖြစ်မျိုး။ ကိုယ့်အစွမ်းအစမမီ တဲ့နေရာကို ရောက်နေတာမျိုးလို့ ထင်ရတယ်။ ဒါပေမဲ့ တစ်ယောက် ယောက်က အမြဲတမ်းကူညီပေး တယ်။ အကြံပေးတယ်။ နည်း လမ်းရှာဖွေတွေ့သွားတယ်။ လွယ်တဲ့ဟာကျတော့ လွယ်တယ်။ခက်တာကျတော့လည်း အလှမ်း မမီဘူး။ ဘာလို့လဲဆိုတော့ သည် လုပ်ငန်းမျိုးကို ကိုယ်က ပထမ ဆုံး လုပ်သူကိုး’’

လောလောဆယ်တွင် ဈေး ကွက်လိုလားမှုအရ တစ်သုတ်စီကို တစ်ခါထုတ်လျှင် ဆီပုလင်း ၂,၀၀၀ ကနေ ၄,၀၀၀ အထိ ထုတ်လုပ်သည်။ အဆိုပါ ဆီပုလင်း များကို အိုင်ယာလန်က နိုလန်နှင့်သောမတ်စ်တို့လို စတိုးဆိုင်ကြီး အချို့မှာတင်ပြီး ရောင်းချသည်။ လုပ်ငန်းက တိုးတက်လာနေပြီး စူပါဗေလူးစတိုးဆိုင်ကြီးမှာလည်း ဘုရင်တံဆိပ် စားသုံးဆီများကို ယခုလမှစတင်ကာ ရောင်းချ တော့မည်ဖြစ်၏။ လက်ရှိအခြေ အနေသည် အရှိန်ဆက်ကောင်းနေပါက သူတို့က သည်လုပ်ငန်းကိုသာ ဇောက်ချပြီး အချိန်ပြည့်လုပ်ကိုင်တော့မည်ဖြစ်သည်။ လောလောဆယ်မှာ သူတို့ ဇနီးမောင်နှံက ဘုရင်တံဆိပ် စားသုံးဆီအပြင် အခြားအချိန်ပြည့်အလုပ်များကို လုပ်ကိုင်နေသည်။ ဗြိတိန်ဈေး ကွက်ကိုလည်း တင်ပို့ဖို့ သူတို့က ကြိုးစားနေသည်။

မြင်စိုင်းရွာ၌ ရွာကျောင်း အတွက် ကလေးကစားကွင်း တစ်ခု ဆောက်ပေးဖို့နှင့် ကလေး တွေကို ကောလိပ်ကျောင်းတက် ရန် ထောက်ပံ့ပေးရေးကို သူတို့ က စီစဉ်နေသည်။

‘‘ဆိုရှယ်လုပ်ငန်းစုဆိုတာ က စီးပွားရေးလုပ်ငန်းအားလုံးနဲ့ တွဲပြီး လုပ်ရတာမျိုးလို့ ကျွန်မ ထင်ပါတယ်။ ဒီလို ငွေနည်းနည်း ပါးပါးလေးနဲ့ ဒီကလေးတွေကို ဘာအကျိုးရှိမှာလဲလို့ စဉ်းစားရင် ဒီလုပ်ငန်းက သိသာနေတာပဲ လေ’’ဟု ကက်ထရီနာကပြော သည်။

(The Irish Times သတင်းစာပါ ဆောင်းပါးရှင် Grainne Ni Aodha ၏ Irish couple's Burmese food oil venture boosts local village ဆောင်းပါး ကို ထားထားမြင့် ဘာသာပြန် သည်။)
7Day News Journal



0 comments:

Post a Comment

 
Top