တရုတ်မြန်မာနယ်စပ်မှာ တရုတ်နိုင်ငံသားတစ်ဦး မြေမြုပ်မိုင်းထိတဲ့အတွက် ထိခိုက်ဒဏ်ရာရခဲ့တာနဲ့ပတ်သက်ပြီး တရုတ်အစိုးရက မြန်မာအစိုးရကို ကန့်ကွက်ကြောင်း သတိပေးလွှာပေးပို့ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရအမျိုးသမီး ဟွာချွန်ယင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
တရုတ်နိုင်ငံသားတစ်ဦး တနင်္ဂနွေနေ့က မြေမြုပ်မိုင်းထိခဲ့ကြောင်း၊ အခြေနေကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း၊ ဒီအတွက် အထူးစိုးရိမ်ကြောင်း မြန်မာအစိုးရ ကို ပြောကြားခဲ့သလို၊ ဒီအတွက်မြန်မာအစိုးရအနေနဲ့ အလားတူအဖြစ်မျိုး မပေါ်ပေါက်အောင် လိုအပ်တာတွေဆောင်ရွက်ပေးဖို့တောင်းဆိုထားကြောင်း မစ္စဟွာချွန်ယင်းက ပြောပါတယ်။
မြန်မာအစိုးရအနေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းဒေသမှာရှိတဲ့ တရုတ်ပြည်သူတွေနဲ့ ဥစ္စာပစ္စည်းတွေအပေါ် အန္တရာယ်ရှိစေ တဲ့ ပဋိပက္ခတွေ မဖြစ်ပွားအောင် ကာကွယ်ပေးဖို့လည်း တောင်းဆိုထားတယ်လို့လည်း တရုတ်နိုင်ငံခြားရေး ဌာန ပြောခွင့်ရအမျိုးသမီးက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
RFA Burmese

0 comments:

Post a Comment

 
Top