ရန်ကုန်၊ နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံအနှံ့ အကျဉ်းထောင်များတွင် ကျခံနေသော
နိုင်ငံရေးအကျဉ်းသားများကို သမ္မတဦးသိန်းစိန်အနေဖြင့်
အမှန်တကယ် လွတ်မြောက်ခွင့်ပေးချင်ပါက ပုဒ်မ-၁၈ကို ဖျက်သိမ်းပေးရန်သာလိုအပ်ကြောင်း နိုင်ကျဉ်း စိစစ်ရေး
ကော်မတီဝင် ဦးထွန်းကြည်ကပြောကြားသည်။

“တကယ်လွှတ်ပေးချင်ရင် ပုဒ်မ-၁၇/၁နဲ့ ပုဒ်မ-၁၈ကို
ပယ်ဖျက်ပေးလိုက် အဲဒါမှ နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးနိုင်တယ်လို့ ယုံကြည် တယ်။ အခုတော့ ဒီ ပုဒ်မတွေရှိနေပြီး နိုင်ငံတကာရဲ့အကူအညီကိုရဖို့အတွက် လွှတ် ပေးထားတော့ အားမပေးဘူး”ဟု ၎င်းကဆိုသည်။

သမ္မတဦးသိန်းစိန်အနေဖြင့် ၂၀၁၃-ခုနှစ် ဇူလိုင်လအတွင်း သွားရောက်ခဲ့သော ဗြိတိန်ခရီးစဉ်တွင် နိုင်ငံရေး အကျဉ်းသား
အားလုံး ယခုနှစ်မကုန်မီ လွှတ်ပေးမည်ဟု ပြောကြားထားမှု
အပေါ် ဦးထွန်းကြည်ကပြောကြားသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၁၈အား ထည့်သွင်း
ရေးဆွဲထားခြင်းသည် ဒီမိုကရေစီနိုင်ငံများနှင့် မကိုက်ညီ
ကြောင်း၊အစိုးရအနေဖြင့် စစ်မှန်သောစေတနာဖြင့် အမှန် တကယ်ပြုလုပ့်ပေးလိုလျှင် လက်ရှိပုဒ်မ-၁၈ ဖြင့် တရားစွဲဆို ခံထားရသော နိုင်ငံရေးသမားများအား တရားဝင် ပယ်ဖျက် ရုပ်သိမ်းခွင့်ပြုပေးမှသာ ယုံကြည်ရရှိ နိုင်မည်ဖြစ်ကြောင်း
ရှေ့နေများကွန်ရက်မှဥက္ကဋ္ဌ ဦးကြီးမြင့်ကပြောသည်။

“ပုဒ်မ-၁၈ဆိုတာ မရှိသင့်တဲ့အရာပဲ။ ပုဒ်မ ၁၈ရှိနေရင်
နိုင်ငံရေးအကျဉ်းသားတစ်ယောက်မှ မရှိစေရဘူးလို့ပြောတဲ့
စကားကို မယုံဘူး”ဟု တရားလွှတ်တော် ရှေ့နေကြီး ဦးကြီးမြင့်က ဖြေဆိုသည်။

၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ-၃၅၄တွင် နိုင်ငံသား
တိုင်း အနေဖြင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာ ရေးအတွက် ပြဋ္ဌာန်းထားသည့်
ဥပဒေများအား မဖောက်ဖျက်လျှင် ဖော်ထုတ် ပြောဆို
ရေးသားဖြန့်ချိခွင့်၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ရှိသည်ဟု ဖော်ပြထားသော်လည်း နည်းဥပဒေအရ ဆန္ဒဖော်ထုတ်လိုသူများအနေနှင့် ၂၁ရက်ကြိုတင်ခွင့်ပြု
ချက်ယူရမည်ဖြစ်ပြီး၊ ခွင့်ပြုချက် မရရှိဘဲ ဆန္ဒပြပါက
ပုဒ်မ-၁၈အရ အမြင့်ဆုံး ထောင်ဒဏ် ၁နှစ် သို့မဟုတ်
ငွေဒဏ် သုံးသောင်းဖြစ်စေ၊ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်
လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

လက်ရှိသမ္မတဦးသိန်းစိန် အစိုးရသစ်လက်ထက်တွင်
နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံတော်လွတ်ငြိမ်းချမ်း
သာခွင့်နှင့် (၁၃)ကြိမ်မြောက် လွတ်မြောက်ပေးခဲ့ရာ
နိုင်ငံရေးအကျဉ်းသား ၁၅၀၀ နီးပါး လွတ်မြောက်ခဲ့၍ အကျဉ်း ထောင်များအတွင်း ၁၀၀ကျော် ကျန်ရှိနေသေးပြီး
ပုဒ်မ-၁၈အဖြစ် ဖမ်းဆီးထိန်းသိမ်းခံရသူ ၂၀၀ ကျော် ကျန်ရှိ
နေသေးကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများထံမှ
သိရသည်။

people power

0 comments:

Post a Comment

 
Top