ကိုတိုးကြီး| ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၂၇ ရက်၊ ၂၀၁၃ ခုနှစ်
လက်ပံတောင်းဒေသရှိ မီးလောင်ဒဏ်ရာရ သံဃာရှစ်ပါးကို ဗုဒ္ဓင်္ကုရ
ဆုတံဆိပ်ပေးခြင်းနှင့် ဝတ္ထုငွေပေးလှူပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်း၊
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ၀က်မှေးကျေးရွာဟောင်းရှိ
ရွာဦးဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာလ ၂၇ ရက် နံနက် ၉ နာရီက
ပြုလုပ်ခဲ့သည်။
“ ဗုဓ္ဒင်္ကုရ ဆိုတာ
ရဲဝံ့ခြင်း၊ စွန့်စားခြင်း၊ ပေးဆပ်ခြင်းတို့၏ ပေါင်းဆုံရာ
စွန့်လွှတ်အနစ်နာခံကြသူများကို ကိုယ်စာပြုသည့် ဆုတံဆိပ်ဖြစ်ပါတယ် ” ဟု
အဆိုပါ အခမ်းအနား၌ မန္တလေး မစိုးရိမ်ကျောင်းတိုက်က ဆရာတော်တစ်ပါးဖြစ်သည့်
ဥူး ၀ီရသူက မိန့်ကြားခဲ့သည်။
ထိုစဉ်က မီးလောင်ဒဏ်ရာရ
သံဃာတော်အများအပြားရှိခဲ့သော်လည်း ရက်ကြာရှည်စွာ ဆေးကုသခဲ့ရသည့်
သံဃာရှစ်ပါးကိုသာ ဆုရွေးချယ်ရေးအဖွဲ့က ဗုဓ္ဒကုင်္ရ ဆုတံဆိပ်တော် ချီးမြှင့်
ဆက်ကပ်ခဲ့ခြင်းဖြစ်သည်။ ဆုရသံဃာရှစ်ပါးအတွက် တစ်ပါးလျင် ၀တ္ထုငွေ
ငါးသိန်းကျပ် ပါဝင်သည်။
လက်ပံတောင်းဒေသ သပိတ်စခန်း
ဖြိုခွင်းမှုကြောင့် ဒဏ်ရာရရှိခဲ့သော မီးလောင်သံဃာများအတွက် ရရှိထားသော
အလှူငွေကျပ် သိန်း ၅၅၀ခန့်ကို ဦးဝီရသူက ခွဲဝေလှူဒါန်းခြင်းဖြစ်သည်။
မီးလောင်ဒဏ်ရာရ သံဃာတော်များအတွက် ပြည်တွင်းပြည်ပမှ အလှူရှင်များထံမှ
မြန်မာငွေ ၅၀,၁၉၆,၂၆၀သိန်း၊ အမေရိကန်ဒေါ်လာ ၃,၃၅၀ (မြန်မာငွေ ၃,၂၄၉,၅၀၀)၊
ထိုင်းဘတ်ငွေ ၅၀,၀၀၀ (၁,၅၀၀,၀၀၀) စုစုပေါင်း ငွေကျပ် ၅၄,၉၄၅,၇၆၀ကို
လက်ခံရရှိထားသည်ဟု ဥူးဝီရသူက မိန့်ကြားသည်။
ထိုငွေများကို လက်ပံတောင်းတောင်ဒေသရှိ သပိတ်စခန်းများအား ၂၀၁၂ခုနှစ် နိုဝင်ဘာ ၂၉ ရက် နံနက် ၃
နာရီက သက်ဆိုင်ရာ အာဏာပိုင်က ဖြိုခွင်းခြင်းကြောင့် သံဃာတော်များနှင့် ဒေသခံများ မီးလောင်ဒဏ်ရာ ရရှိခဲ့သည်။
မီးလောင်ဒဏ်ရာရ လူနာစာရင်းကို ရန်ကုန်မြို့မှ ဒေါက်တာ ကြူကြူလွင်က
ကွင်းဆင်း စာရင်းပြုစုကာ ဆေးကုသပေးခဲ့ရာ သံဃာ (၁၃၅)ပါး၊
လူပုဂ္ဂိုလ်(၁၃)ဦးဖြစ်ကြောင်း မီးလောင်ဒဏ်ရာရ သံဃာတော်များ
ကူညီစောင့်ရှောက်ရေးအဖွဲ့က ဆရာတော် ဥူးဇ၀ိန္တမှ သတင်းထုတ်ပြန်ခဲ့သည်။
mizzima
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment