ထိုင်းနိုင်ငံ ဖူးကက်မြို့ရှိ မြန်မာ နိုင်ငံသားအများစု အလုပ်လုပ်ကိုင် နေသော Super Cheap ကုန်တိုက် မီးလောင် နေစဉ်
ထိုင်းနိုင်ငံ ဖူးကက်မြို့ရှိ မြန်မာ နိုင်ငံသားအများစု အလုပ်လုပ်ကိုင် နေသော Super Cheap ကုန်တိုက် မီးလောင် နေစဉ်

ထိုင်းနိုင်ငံ ဖူးကက်မြို့ရှိ မြန်မာ အလုပ်သမား အများစု လုပ်ကိုင်နေသည့် Super Cheap ကုန်တိုက် မီးလောင်ကျွှမ်း မှု၌ အောက်တိုဘာလ (၁၈) ရက်နေ့ ထိုင်းစံတော်ချိန် ညနေ (၄) နာရီ အထိပင် အသေအပျောက် စာရင်း မရှိသေးကြောင်း ပြည်သူ့ သဘာဝ ဘေးအန္တရာယ် ကာကွယ် ရေးနှင့် ပြန်လည် ကုစားရေး ဌာနမှ ဝန်ထမ်းတစ်ဦး ဖြစ်သူ နိုင်ချိုင်ဝါဒ် က ပြောသည်။
၎င်းအားလည်း ယနေ့ အောက်တိုဘာလ (၁၈) ရက်နေ့၌ ဖူးကက်မြို့ ဒုတိယ ခရိုင်ဝန်မှ ပြီးခဲ့သည့် ထိုင်းစံတော်ချိန် မွန်းလွဲ (၁) နာရီ၌ သထင်း ထုတ်ပြန်ကာ အတည်ပြု ခဲ့ပြီး ဖြစ်ကြောင်း ၄င်းမှ ဆက်ပြောသည်။
ထို Super Cheap ကုန်တိုက် မီးလောင် ခဲ့စဉ်၌ မြန်မာ နိုင်ငံသား အများ အပြား သေဆုံး ခဲ့ရကြောင်း ကောလ ဟာလ သတင်းများ ထွက်ပေါ် ခဲ့သော်လည်း ယနေ့ အောက်တိုဘာလ (၁၈) ရက်နေ့ အထိပင် မြန်မာ နိုင်ငံသား သေဆုံးကြောင်း အထောက်အထား မရှိသေး ကြောင်းလည်း ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးမှာ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ပြောသည်။
“ကျွှန်တော်လိုက်မေး နေတယ်၊ အဆက် မပြတ်လည်း အဆက်အသွယ် ရနေပါတယ်၊ အခုထိ မြန်မာ နိုင်ငံသား ဆိုပြီး သေတဲ့ လူရော ဒဏ်ရာ ရတဲ့လူရော မရှိသေးဘူး၊ ဆေးရုံ တက်ရတဲ့ လူတွေ ရှိတယ် ဆိုပေ မယ့်လည်း အဲဒီလူတွေက ထိုင်းတွေပဲ ဖြစ်နေတယ်၊ မြန်မာ နိုင်ငံသားနဲ့ ပတ်သက်တဲ့ စာရင်း မရှိသေးဘူးဟု” ဦးကျော်ကျော်လွင်က ပြောသည်။
ထို Super Cheap ကုန်တိုက်၌ တရားဝင် မြန်မာ နိုင်ငံသား အလုပ်သမား (၇၀၀) ကျော် အလုပ်လုပ် နေကြသည်ဟု တရားဝင် ထုတ်ပြန် ထားသော်လည်း ၄င်းမှာ တရားမဝင် အလုပ်သမားများကို ထည့်သွင်း ရေတွက် ထားခြင်း မရှိဟု အလုပ်သမား များက ဆိုပါသည်။
တရားဝင် တရားမဝင် မြန်မာ နိုင်ငံသား အလုပ်သမား စုစုပေါင်း ထောင်ဂဏန်း ဝန်းကျင် လုပ်ကိုင် နေကြသော ထို Super Cheap ကုန်တိုက်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့ ထိုင်းစံတော်ချိန် ည ၉ နာရီ ခန့်တွင် စတင် လောင်ကျွှမ်း ခဲ့သည်။
ထိုမှ အောက်တိုဘာ ၁၇ ရက်နေ့ အစောပိုင်းတွင် မီးညွန့် ကျိုးသွား ခဲ့သော်လည်း မီးခဲများ တငွေ့ငွေ့ ဖြင့် ယနေ့ အထိပင် လောင်ကျွှမ်း နေဆဲ ဖြစ်ကာ ရှင်းလင်းရေး လုပ်ငန်းရေး လုပ်ငန်းစဉ်များ အကောင်အထည် မဖော်ရ သေးကာ အပျက် အဆီး အဆုံးအရှုံး စာရင်း၊ အသေအပျောကက် စာရင်း တို့အား အတည် မပြုနိုင် သေးကြောင်း နိုင်ချိုင်ဝါဒ်က ပြောသည်။
ထို Super Cheap ကုန်တိုက်တွင် အလုပ်လုပ် နေသော မွန်တိုင်းရင်သား တစ်ဦး ဖြစ်သူ နိုင်အောင်စားယား မှလည်း မိမိတို့ အလုပ် သမား များတွင် ပျောက်ဆုံး နေသူ မရှိသေးကြောင်း ၄င်းမှ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ရွှေဟင်္သာ သတင်းဌာနသို့ အတည်ပြု ပြောကြား ခဲ့သည့်။
ယနေ့ နံနက်၌ မီးငြိမ်းစ ပြုနေသည့် အပိုင်းသို့ထံ Super Cheap မှ ဆောက်လုပ်ရေး အလုပ်သမားများက စတင်၍ အသေးစား ရှင်းလင်းရေး ပြုလုပ် နေသော်လည်း ထိုကုန်တိုက် တစ်ခုလုံး ရှင်းလင်းရေး လုပ်ငန်းစဉ်မှာ ယခု အထိ အကောင်အထည် မဖော်ရ သေးပေ။
မီးလောင်ကျွှမ်း မှုသည် လျှပ်စစ် ဝိုင်ယာ လျှော့မှ တဆင့် စတင် လောင်ကျွှမ်းခြင်း ဖြစ်ကာ ၄င်းမှ တဆင့် အောက်၌ ရှိသည့် ဖောစများမှ တဆင့် ပိုမိုလျင်မြန်စွာ လောင်ကျွှမ်း ခဲ့ကြောင်း အလုပ်သမားများက ပြောနေကြ သည်သာ ရှိ၍ သီးခြား အတည်ပြု ထုတ်ပြန်မှု မရှိသေးပေ။
ထိုမီးလောင်ကျွှမ်း မှုကြောင့် မြေ ၄၂ ရိုင်း (၂၅ ဧကခန့်) အကျယ်ပေါ်၍ ဆက်၍ ဆောက်ထားသည့် ဆိုင်ခန်းများ အားလုံး ၁၀၀ ရာခိုင်နှုန်း နီးပါး လောင်ကျွှမ်း ပျက်ဆီး ခဲ့ကြောင်း နိုင်ချိုင်ဝါဒ်မှ ပြောသည်။
ယမာန်နေ့၌ ၄င်းမီးလောင်မှုနှင့် စပ်လျဉ်း၌ ခရိုင်ဝန်နှင့် ၄င်း Super Cheap ကုမ္ပဏီ ပိုင်ရှင်တို့ တွေ့ဆုံကာ အပျက်အဆီး ပမာဏအား ခရိုင်ဝန်မှ မေးမြန်း ခဲ့သော်လည်း ပိုင်ရှင်မှ မည်မျှ ပျက်ဆီး ဆုံးရှူံးကြောင်း ထုတ်ဖော် မပြောကြား နိုင်သေးဟု ဆိုခဲ့သည်။ သို့သော်လည်း ထိုင်းဘတ်ငွေ သန်းရာဂဏန်း ဆုံးရှူံး မည်ဟု ထိုင်းသတင်းများက ခန့်မှန်း ဖော်ပြ နေကြသည်။
Super Cheap ကုန်တိုက်သည် ဖူးကက်မြို့၌ ဈေးနှုန်း အတော်ဆုံးဟု နာမည်ကျော်သည့် ကုန်တိုက် တစ်ခုလည်း ဖြစ်ကာ လိုအပ်သည့် အိမ်သုံးပစ္စည်း ၊ ဟင်းသီး ဟင်းရွက်၊ စာရေး ကိရိယာမှအစ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး မော်တာ ၊ အင်ဂျင် အဆုံး တစ်နေရာ တည်း၌ အစုံ ရနိုင်သည့် ကုန်တိုက် တစ်ခုလည်း ဖြစ်သည်။
ထို Super Cheap ကုန်တိုက်၌ မြန်မာ နိုင်ငံတွင်းမှ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့မှ မြန်မာ နိုင်ငံသား အလုပ်သမား အများစု လုပ်ကိုင် နေကြကာ ဖူးကက်မြို့ တမျို့လုံး၌ မြန်မာ နိုင်ငံသား တစ်သိန်းကျော် ရှိကြောင်း အလုပ်သမား အခွင့်အရေး လှုပ်ရှားသည့် အဖွဲ့များမှ ခန့်မှန်း ထားပါသည်။
  ရွှေဟင်္သာသတင်းဌာန

0 comments:

Post a Comment

 
Top