မလေးရှားနိုင်ငံမှ အေပီအမ် မော်တော်ကားလုပ်ငန်းစုအား မြန်မာနိုင်ငံတွင်
ကားအစိတ်အပိုင်းများနှင့် မော်ဒယ်များ ထုတ်လုပ်ရောင်းချရန်အတွက်
စက်ရုံတစ်ခုတည်ဆောက်ခွင့်အား မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC)
မှ ချပေးခဲ့ပြီဖြစ်သည်။
ထို့ကြောင့် အေပီအမ်အနေဖြင့် APM Auto
Components Myanmar Co., Ltd. ဟူသော အမည်ဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်း၌
၁၂ ဟက်တာ ကျယ်ဝန်းသော စက်ရုံတစ်ရုံအား တည်ဆောက်ခွင့် ရရှိတော့မည် ဖြစ်သည်။
စက်ရုံတည်ဆောက်ရန်ခွင့်ပြုလွှာအား
မြန်မာနိုင်ငံရှိ အေပီအမ်၏ ဌာနခွဲများဖြစ်သော APM Auto-motive Myanmar
Ltd. နှင့် APM Automotive Indochina Ltd. တို့က တင်ပြခဲ့ခြင်းဖြစ်သည်ဟု
အေပီအမ်မှ ဗုဒ္ဓဟူးနေ့ က ပြောသည်။
ထို့အပြင် ပထမသုံးနှစ်အတွင်း
စက်ရုံတည်ဆောက်ခြင်း၊ စက်ပစ္စည်းများနှင့် အစိတ်အပိုင်းများ ၀ယ်ယူခြင်းတို့
အတွက် အရင်းအနှီးမှာ ကန်ဒေါ်လာ ကိုးသန်းရှိသည်ဟု ခန့်မှန်ထားပြီး
လိုအပ်သောငွေကြေးအား ကုမ္ပဏီ စိုက်ထုတ်သွားမည်ဖြစ်သည့်အပြင် ပြင်ပမှလည်း
ချေးငှားသွားမည်ဟု ဖော်ပြထားသည်။
စက်ရုံတည်ဆောက်ခြင်းအား MIC မှ
ခွင့်ပြုခဲ့သည့်အချိန်မှ တစ်နှစ်အတွင်း စတင်တည်ဆောက်သွားမည်ဖြစ်ပြီး
သုံးနှစ်အတွင်း ပြီးဆုံးလိမ့်မည်ဟု မျှော်လင့်ထားကြောင်း အေပီအမ်က ပြောသည်။
APM
Myanmar အနေဖြင့် ရင်းနှီးမြှုပ်နှံခွင့် ကန်ဒေါ်လာ ၁၀ သန်းရရှိထားပြီး
ရှယ်ယာအစုပေါင်း ၁၀သန်း ခန့်ရှိကာ တစ်စုလျှင် ကန်ဒေါ်လာ တစ်ဒေါ်လာခန့်
တန်ကြေးရှိသည်။
“ကုမ္ပဏီမှစိုက်ထုတ်ရန် လိုအပ်သည့်
အနိမ့်ဆုံးအရင်းပမာဏမှာ ကန်ဒေါ်လာ ၁၅၀,၀၀၀ ဖြစ်ပြီး ကန်ဒေါ်လာ ၇၅,၀၀၀
ခန့်အားပေးပြီး ဖြစ်သည်”ဟုလည်း ကုမ္ပဏီက ပြောကြားခဲ့သည်။
စက်ရုံတည်ဆောက်အသုံးပြုခွင့်အား
ပဲခူးတိုင်းဒေသကြီး အစိုးရနှင့် အေပီအမ်မြန်မာတို့အကြား မြေအသုံးပြုခွင့်
သဘောတူညီချက်အား လက်မှတ်ရေးထိုးပြီးသည့်အချိန်မှ စတင်ကာ နှစ်ပေါင်း ၅၀
အသုံးပြု ခွင့်ရမည်ဖြစ်သည်။ သက်တမ်းကုန်ဆုံးသွားပါးက ၁၀ နှစ်တာ
သက်တမ်းတိုးခြင်းအား နှစ်ကြိမ်တိုင်တိုင် ပြုလုပ်နိုင်မည်ဖြစ်သည်။
အောင်မင်း ဘာသာပြန်သည်
Mizzima - News in Burmese
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment