မေး။ အရှင်ဘုရား သိချင်တာလေတခုရှိလို့ပါဘုရား။
မိုးညှင်းသမ္ဗုဒ္ဓေ ကိုအလုံး 1000 ပုတီးစိပ်ရင် ဆုတောင်းပြည့်တယ်ဆိုတာ ဟုတ်ပါသလားဘုရား။
မနာပ ဒါယီ အရှင်ဝိစိတ္တ
ဖြေ။ ကိုယ်လုပ်ထားတဲ့ ကောင်းမှုကုသိုလ်ရဲ့
အကျိုးပေးချိန်နဲ့ တောင်းဆုပြုထားမှု တိုက်ဆိုင်ကြုံတွေ့သွားတဲ့ သဘောပဲ
ဖြစ်ပါတယ်။ ဒီဘုရားကိုသွားပြီး ဒီလို ပုတီးစိပ်တိုင်း
ဆုတောင်းပြည့်နိုင်တာတော့ မဟုတ်ပါဘူး။ ကောင်းမှုနဲ့ မကောင်းမှုဆိုတာ
ပြုလုပ်တဲ့သူနဲ့ အကျိုးပေးချိန် တိုက်ဆိုင်မှ၊ အကျိုးပေးခွင့်သာမှ
အကျိုးပေးတာ ဖြစ်ပါတယ်။ အကျိုးပေးချိန် မတန်သေးရင် ကောင်းတာတွေ
လုပ်နေပေမယ့် မကောင်းတာတွေနဲ့ ကြုံတွေ့နေရတတ်ပြီး မကောင်းတာတွေ
လုပ်နေသူတွေလည်း ကောင်းတာလေးတွေ ကြုံနေရတတ်ပါတယ်။ ဒါက ကောင်းမှုမကောင်းမှု
အကျိုးပေးချိန် မတန်သေးလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကောင်းကံဆိုတာ
များများလုပ်ပေးနိုင်လေ ကံကောင်းမှုတွေ များများရောက်လာလေဖြစ်ပြီး
ကံကောင်းမှုကြောင့် ကောင်းကျိုးတွေ များများရောက်လာတာဟာ
ဆုတောင်းပြည့်တာပါပဲ။
ဒါကြောင့် ဆုတောင်းပြည့်တာ မပြည့်တာ
ကံရဲ့အလုပ်ဖြစ်ပြီး ကုသိုလ်ကောင်းမှုလုပ်တာက ကိုယ့်ရဲ့အလုပ်ပဲ ဖြစ်တဲ့အတွက်
ဘာပဲဖြစ်ဖြစ် သီလကိုအခြေခံတဲ့ ကုသိုလ်ကောင်းမှုသာ များများလုပ်ဖို့
တိုက်တွန်းလိုပါတယ်။
..................................
ဤနေရာမှာ ဒယ်အိုးဆရာတော် ပြောတာလေးကိုသတိရမိတယ် - အရှင်ဘုရား ဘယ်လောက်ပဲကောင်းတာလုပ်လုပ် ကံကောင်းတာထက်မကောင်းတာတွေကများနေတယ်တဲ့။
ဪ ဘယ်ကလာကောင်းမှာလဲ တစ်နေကုန်လုံးနေပြီ
ကောင်းတာလုပ်တယ်ဆိုတာ လက်ချိုးရေတွက်လို့ရတယ်
မကောင်းတာလုပ်တာတွေကများနေလို့ မကောင်းကျိုးတွေကပိုများနေတာပဲ။
ဒါကြောင့် ပြောတာပေါ့ " ဖြစ်သမျှ အကြောင်းမကောင်းကောင်အောင်လုပ် "
အကြောင်းကောင်းလာရင် အကျိုးကောင်းမှာလား - အကျိုးကောင်းလာမှာလား။
အကျိုးကောင်းလာမှာ မှတ်ထား။
အဲ့ဒီ အကျိုးကောင်းလာဖို့အတွက် အကြောင်းကောင်းအောင်လုပ်ရမဲ့တာဝန်က ကိုယ့်တာဝန်ပဲ။
..............................................................................................................................................
Buddhism Beams
Subscribe to:
Post Comments (Atom)


0 comments:
Post a Comment