Home
»
နိုင်ငံတကာသတင်း
»
ဂမ်းနမ်စတိုင် ဝတ်စုံသစ်များဖြင့် နိုင်ငံခြားသား ခရီးသွားများကို ကာကွယ်ပေးမည့် ရဲတပ်ဖွဲ့ တောင်ကိုရီးယား ဖွဲ့စည်း----
ဆိုးလ်
အောက်တိုဘာ ၁၇ တောင်ကိုရီးယားအစိုးရသည် နိုင်ငံ အတွင်းသို့
လာရောက်လည်ပတ်သည့် ပြည်ပ ခရီးသွား ဧည့်သည်များအား စောင့်ရှောက်ရန်အတွက်
ခရီးသွားရဲ တပ်ဖွဲ့အသစ်ကို ဖွဲ့စည်းခဲ့ပြီး ၎င်းရဲအရာရှိများ၏ ဝတ်စုံကို
Gangnam Style တေးသီချင်းဖြင့် အောင်မြင် ကျော်ကြားသူ ဏျပ ၏ ဖက်ရှင်အတိုင်း
တီထွင် ဖန်တီးချုပ်လုပ် ပေးခဲ့ကြောင်း သိရသည်။ ယခု ဖွဲ့စည်းသော
ရဲတပ်ဖွဲ့အဖွဲ့ အသစ်မှာ အပတ်စဉ်(၁) ဖြစ်ပြီး ၎င်းအဖွဲ့အစည်းတွင် ငယ်ရွယ်
သွက်လက်သော ရဲတပ်ဖွဲ့ဝင် ၁ဝဝ နီးပါးပါဝင်သည်။ ၎င်းရဲတပ်ဖွဲ့ဝင်များသည်
ဆိုးလ်မြို့တော်သို့ လာရောက် လည်ပတ်သော နိုင်ငံခြားသား ခရီးသွားများကို
ကူညီ စောင့်ရှောက် သွားမည်ဖြစ်သည်။ အဆိုပါ ရဲအရာရှိ များသည် အင်္ဂလိပ်ဘာသာ၊
ဂျပန်ဘာသာနှင့် တရုတ်ဘာသာတို့ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီး ၎င်းတို့သည်
အငှားကား ယာဉ်မောင်း၊ လမ်းဘေး ဈေးသည်များ အသွင်ဖြင့် နိုင်ငံခြားသား
ခရီးသွားများ၏ ပြဿနာများကို ဖြေရှင်းသွားမည်ဟု အင်္ဂလိပ်စာ ကျွမ်းကျင်သည့်
ရဲအရာရှိသစ် ပတ်ခ်ဂျေးဟောင် က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။
အဆိုပါ ခရီးသွား ရဲတပ်ဖွဲ့သစ် စတင် ဖွင့်လှစ်ခြင်း အခမ်းအနားကို အောက်တိုဘာ
၁၆ ရက်က ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနား၌ Psy က ဂမ်းနမ်စတိုင် တေး
သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။ ယင်းရဲတပ်ဖွဲ့သစ်သည် တိုင်းပြည် လုံခြုံမှု
ရှိစေရန် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခုအခါ ခရီးသွားဧည့်သည်များ၏
စိတ်ဝင်တစား ဓာတ်ပုံရိုက်ကူးမှုကို ခံရလျက်ရှိကြောင်း ကိုရီးယား
ခရီးသွားလာရေး အဖွဲ့ဥက္ကဋ္ဌ လီချန်ကဆိုသည်။ သို့ရာတွင် ၎င်းတို့သည် လက်နက်ကိုင်
ရဲတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ခရီးသွားများကို ကူညီမည့် ရဲအရာရှိများသာ
ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက တောင်ကိုရီးယား နိုင်ငံသည်
ခရီးသွား ဧည့်သည်များ အတွက် ဘေးကင်းပြီး လာရောက်လည်ပတ် စရာ ကောင်းသော
နိုင်ငံ တစ်ခု ဖြစ်လာခဲ့သည်။ တောင်ကိုရီးယား နိုင်ငံကို ကမ္ဘာက
ပိုမိုသိရှိအောင် စွမ်းဆောင်ခဲ့သူမှာ ဂမ်းနမ်စတိုင် သီချင်း ပိုင်ရှင် Psy
ဖြစ်ကြောင်း နိုင်ငံတကာက မှတ်ချက်ပြု ခဲ့သည်ဟု သိရသည်။
Myawady
Top
0 comments:
Post a Comment