Mozilla Firefox ဆိုရင် တော့ မသိသူမရှိလောက်ပါဘူး
မြန်မာနိုင်ငံမှာတော့အများဆုံး သုံးတဲ့ web browser
လေးတစ်ခုပါပဲ။အားသာချက်က မြန်မာယူနီကုဒ်တွေကို စက်တင် ချိန်းစရာမလိုဘဲ
မြင်ရတဲ့အတွက် အများဆုံး သုံးကြပါတယ်။ အခုနောက်ပိုင်းထွက်တဲ့ မိုဇီလာ ဟာာ
သုံးရင်းနဲ. စက်ကို လေးလာစေတာကို တွေ.ရပါတယ်။ New Tab တစ်ခု
ဖွင့်မယ်ဆိုရင်ကို လေးလေး လာပါတယ်။ ကျွန်တော် လဲ အဲ့တာနဲ.
အဖြေရှာရတော့တာပေါ့ ဘာလို. လေးလာလဲ ဆိုတာ။ အဲ့လိုအဖြေရှာရင်းနဲ.ဆော့ဝဲ
သုံးစရာမလိုဘဲဖြေရှင်းနည်းလေးနှစ်ခုလောက်တော့ တွေ.လိုက်ပါတယ် ။
အဓိကက တော့ မိမိတို. ဖွင့်ပီးအသုံးပြုမိတဲ့ ၀က်ဆိုဒ် များလာတဲ့အခါမှာ
မိုဇီလာက အဲ့ဆိုဒ်တွေကို နောက်တစ်ခါ ပြန်အသုံးပြုလို.ရအောင်
မှတ်သားပေးထားပါတယ်။ History ခေါ်တာပေါ့နော်။အဲ့တာတွေများလာလေလေ
သုံးရတာလေးလာလေလေ ဖြစ်တတ်ပါတယ်။ ဖြေရှင်းနည်းလေးက ညာဘက်အပေါ်ထောင့်နားလေးက
File တို. Edit တို.ပါတဲ့ Bar လေးကိုကြည့်လိုက်ပါ။ အဲ့ဒီမှာ History ကို
တွေ.ရင် ကလစ်တစ်ချက်နှိပ်ပေးပါ။Clear Recent History ဆိုတာလေးကို
ထပ်တွေ.ပါမယ် နှိပ်လိုက်ပါ။ Time range to clear ဆိုတဲ့ စာဘေးမှာ ရှိတဲ့
down arrow ကို နှိပ်လိုက်ပါ။ ပီးရင် Everythings ဆိုတာကို ရွေးပေးပါ။
ပီးရင် အောက်က detial ဆိုတဲ့ စာပါတဲ့ ဘောက်စ်လေးကို ကြည့်ပါ။ အဲ့မှာ
အားလုံးကို အမှန်ခြစ်ထားပေးပါ။ ပီးရင်တော့Clear now ကို
နှိပ်လိုက်ပါ။ခဏစောင့်လိုက်ပါ သူ.ဟာသူဘောက်စ်လေး ပျောက်သွားပါလိမ့်မယ်
ဒါဆိုရင်တော့ history ရှင်းတဲ့ နည်း ပီးသွားပါပီ နည်းနည်းလောက်
စမ်းသုံးကြည့် new tab တွေ ခေါ်ကြည့် အရင်ကနဲ.မတူလုံးဝပေါ့ပါးလာတာကို
တွေ.ရပါလိမ့်မယ်။
နောက်တစ်ခုက error တွေရှင်းပါမယ်။ ခုနက ညာဘက်အပေါ်ထောင့်နားလေးက ဘားထဲက
history နဲ. bookmark ရဲ.ဘေးက Tools ကို ကလစ်တစ်ချက်နှိပ်ပါ။ Web developer
ကို ကလစ်တစ်ချက်နှိပ်ပါ။ error console ကို ကလစ်တစ်ချက်ပေးပါ။ ပီးရင်တော့
Clear ကို ရွေးပေးပါ။ ဒါဆိုရင်တော့ လုံးဝကို ပေါ့ပါးသွားပါပီ ။
စမ်းသုံးကြည့်ပါ အရမ်းကို ပေါ့ပါးပီးမြန်ဆန်လာတာကို တွေ.ရပါမယ် ခင်ဗျ
အဆင်မပြေတာ ရှိရင် ကွန်မန်းလေးတွေ ထားခဲ့ပေးနော်---- :)
Home
»
နည်းပညာများ
» Mozilla Firefox သုံးရင်း နဲ. Error များတက်ကာ စက်လေးလာခြင်းများဖြစ်လာပါကဖြေရှင်းနည်း(for computer)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment