ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမြို့မှာ ကျင်းပခဲ့တဲ့ iPhone ထုတ်ကုန်သစ် မိတ်ဆက်ပွဲမှာ iPhone 5S နဲ့အတူ iPhone 5C ကိုပါ Apple က မိတ်ဆက်ပေးခဲ့ပါတယ်။

iPhone 5C ကို Apple က ဆက်လက်ရောင်းချခြင်း မရှိတော့မယ့် iPhone 5 ရဲ့နေရာမှာ အစားထိုး ထုတ်လုပ်ထားတာပါ။ 5C မှာပါဝင်တဲ့ အချက်အလက်တွေဟာ iPhone 5 နဲ့ အနီးစပ်ဆုံး တူပါတယ်။ ဒါပေမဲ့ 5C က အနည်းငယ်လေးလံပြီး 64GB အမျိုးအစားနဲ့လည်း မရနိုင်ပါဘူး။

လွန်ခဲ့တဲ့နှစ်တွေက iPod ကို အရောင်မျိုးစုံနဲ့ တွေ့ခဲ့ရပေမယ့် iPhone ကိုတော့ အဖြူ၊ အမည်းနဲ့သာ ထုတ်လုပ်ခဲ့တာပါ။ ဒါပေမဲ့ ယခုအခါမှာတော့ iPhone 5C ကို ပန်းဆီရောင်၊ အဝါရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ အဖြူရောင်တို့နဲ့ ရရှိနိုင်ပါပြီ။

5C ရဲ့ နောက်ခံကိုယ်ထည်ကို တောက်ပတဲ့ polycarbonate နဲ့ ပြုလုပ်ထားတာပါ။ ဒါကြောင့် iPhone 5C မှာ ဖန်သားနဲ့ အလူမီနီယံတွေကို မြင်ရမှာမဟုတ်ပါဘူး။

ဒါပေမဲ့ 5C ရဲ့ screen အရည်အသွေးကိုတော့ Apple က လျှော့ပေါ့ထားခြင်းမရှိဘဲ Retina Display ကိုအသုံးပြုထားပါတယ်။

နောက်ပြီး 5C ကို iOS 7 နဲ့ အသုံးပြုနိုင်ပါတယ်။

ဖုန်းရဲ့ အောက်ခြေဘက်မှာ headphone minijack, microphone, Lightning connector နဲ့ built-in speaker တို့ကို တွေ့ရပါမယ်။

ကင်မရာကတော့ iPhone 5S လောက်ကောင်းမွန်ခြင်းမရှိပေမယ့် 5C နဲ့ အရည်အသွေးကောင်းတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။

Processor အနေနဲ့ လျင်မြန်တဲ့ A6 processor ကို အသုံးပြုထားတဲ့အတွက် lower-end ဖုန်းဖြစ်ပေမယ့် စွမ်းဆောင်ရည် မနိမ့်ပါဘူး။ ဒါ့အပြင် LTE ကိုလည်း အထောက်အပံ့ပေးထားပါတယ်။

5C ရဲ့ စာချုပ်မပါ တန်ဖိုးက $549 ပါ။ နှစ်နှစ်စာချုပ် တန်ဖိုးကတော့ 16GB အတွက် $99 ဖြစ်ပြီး 32GB အတွက် တန်ဖိုးက $199 ဖြစ်ပါတယ်။ iPhone 5C ကို စက်တင်ဘာလ ၁၃ ရက်မှာ ကြိုတင်မှာယူ ထားနိုင်ပြီး စက်တင်ဘာလ ၂၀ ရက်မှာ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဂျပန်၊ စင်ကာပူနဲ့ ယူကေ တို့မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။

Ref: CNET
 အင်တာနက်ဂျာနယ် မှ ကူယူးဖော်ပြပေးထားပါတယ်..

0 comments:

Post a Comment

 
Top