အမေရိကန် နိုင်ငံ ၂၀၁၃ နယူးယောက် မော်တော်ယာဉ် ပြပွဲမှာ ဝင်ရောက် ပြသသွားတဲ့ခဲ့ဖူးတဲ့ ကား ဖြစ်ပါတယ်။

General Motors ထုတ် ဇိမ်ခံကား Brand ဖြစ်တဲ့ Cadillac မှ ထုတ်လုပ်မှု မျိုးဆက် တစ်ခု ဖြစ်ပြီး Cadillac CTS ဖြစ်ပါတယ်။ သုံမျိုးလောက်ပြန်ခွဲပေ မယ့် ပြပွဲမှာတော့ ရိုးရိုး ဆလွန်းနဲ့ ပြိုင်ကား ဗားရှင်း နှစ်မျိုးသား ပြသခဲ့ ပါတယ်။

ရိုးရိုး ဆလွန်းကတော့ မြင်းကောင်ရေအား ထုတ်လုပ်မှု ၃၈၀ ကျော်တဲ့ ၂၀၀၀ စီစီ တာဘိုတပ် အင်ဂျင်ကို အသုံးပြုပါတယ်။ ဆလင်ဒါ လေးလုံးပူး သာ ပါဝင်ပါတယ်။ အမြန်ဆုံး တစ်နာရီ မိုင် ၁၅၀ ဝန်းကျင်လောက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ Sport Version ကတော့ မြင်းကောင်ရေအား ထုတ်လုပ်မှု ၄၂၀ ကျော်တဲ့ ၃၆၀၀ စီစီ အင်ဂျင်ကို အသုံးပြုပြီး ဆလင်ဒါ ၆ လုံးပူး တာဘိုတပ် V အင်ဂျင်ကို အသုံးပြု ထားပါတယ်။

ဆီစားနှုန်း တစ်ဂါလံ ၁၇ မိုင်နဲ့ ၂၅ မိုင်ကြားထဲမှာ ရှိပြီး ဇိမ်ခံကား စီးချင်သူများအတွက် ရည်ရွယ်ပြီး ထုတ်တဲ့ကား ဖြစ်ပါတယ်။ အတွင်းမှာ ၁၂ လက်မ အရွယ် LCD တီဗီ တပ်ဆင်ထားပြီး Computerized control system နဲ့ပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ GM က ကိုယ်တိုင် developed လုပ်ထားတဲ့ ကားသုံး OS ရှိပါတယ်။

ဒါကြောင့် ခေတ်ဘယ်လောက် ပြောင်းပြောင်း ကားရဲ့  System ထိန်းချုပ် စနစ်ကို အမြဲ Update ပြုလုပ်နိုင်ပြီး ဘယ်တော့မှ မရိုးနိုင်တဲ့ ဇိမ်ခံကား ဖြစ်တယ်လို့ ပြောဆိုသွားကြောင်း သိရပါတယ်။
-
Ref: autoblog
ColayAutomobile.

0 comments:

Post a Comment

 
Top