လမ်းပတ်အား အင်္ဂလန်အသင်း အတွက် ပွဲစဉ်တစ်ရာပြည့် ကစားသမားအဖြစ် ပါဝင်ကစား စေမည့် ရွိုင်းဟော့ဆန်
ချယ်လ်ဆီး အသင်း၏ ကွင်းလယ် လူလမ်းပတ် သည် ကမ္ဘာ့ ဖလား ခြေစစ် ပွဲစဉ် အဖြစ် ယူကရိန်း မြေတွင် အိမ်ရှင် အသင်း နှင့် ကစား ရမည့် ပွဲစဉ် တွင် အင်္ဂလန် အသင်း အတွက် နိုင် ငံ တကာ ပွဲပေါင်း (၁၀၀) ပြည့် ကစား သမား အဖြစ် ၀င် ရောက် ကစား သွားမည် ဖြစ် ကြောင်း အင်္ဂလန် နည်း ပြ ရွိုင်း ဟော့ ဆန် က အတည် ပြု ကြေငြာ ခဲ့ သည်။ လမ်းပတ် သည် အင်္ဂလန် အသင်း အတွက် ရှစ် ယောက် မြောက် ပွဲစဉ် (၁၀၀) ပြည့် ကစား သမား ဖြစ် လာမည် ဖြစ်သည်။
လမ်းပတ် သည် ( ၁၉၉၉) ခုနှစ် တွင် ဘယ်လ်ဂျီယံ အသင်း အား(၂-၁) ဂိုး ဖြင့် အနိုင် ရရှိ ခဲ့ သော ချစ်ကြည်ရေး ပွဲစဉ် တွင် အင်္ဂလန် အသင်း အတွက် ပွဲဦးထွက် ပါဝင် ကစား ခဲ့ သည်။ လမ်းပတ် သည် အင်္ဂလန် အသင်း နှင့် အတူ ကမ္ဘာ့ ဖလား(၂)ကြိမ် နှင့် ယူရို ပီယံ ချန်ပံယံ ရှစ် ဖလား (၂)ကြိမ် ပါဝင် ကစားပေး ခဲ့ ပြီး ဖြစ်သည်။ အင်္ဂလန် အသင်း အတွက် လမ်းပတ် ၏ သွင်းဂိုး သည် (၂၈) ဂိုး ဖြစ်သည်။
လက်ရှိ အင်္ဂလန် လူစာရင်း တွင် ပွဲပေါင်း (၁၀၀) ပြည့် မြောက် သော ကစား သမား အဖြစ် ဘယ်နောက် ခံ လူ အက်ရှ် လေ ကိုးလ် နှင့် ကွင်းလယ် လူ စတီဗင် ဂျရတ် တို့ ပါဝင်လျက် ရှိသည်။ လမ်းပတ် အနေ နှင့် အဆိုပါ ကစား သမား နှဦး နှင့် အတူ ပွဲစဉ် (၁၀၀) ပြည့် ကစား သမား အဖြစ် ပွဲထွက် စေမည့် အပေါ်တွင် နည်းပြ ရွိုင်းဟော့ ဆန် က နှစ်သက် ကျေနပ် လျက်ရှိ သည်။
ရွိုင်းဟော့ဆန် က '' ဟုတ်ပါတယ်။ မနက်ဖြန် ည (ယူကရိန်း နှင့်ပွဲ) မှာ လမ်းပတ် ပါဝင် ကစားမှာ ပါ။ ကျွန်တော် အရမ်း ကံကောင်း တယ်လို့ ထင်ပါတယ်။ ကျွန်တော့ ရဲ့ အင်္ဂလန် နည်းပြ လက်ထက် မှာ ပွဲ စဉ် (၁၀၀) ပြည့် ကစား သမား သုံးယောက် ကို ပိုင်ဆိုင် ထား နိုင်တဲ့ အတွက်ပေါ့။ အဲ့ ဒီအတွက် ကျွန်တော် အရမ်း ဂုဏ်ယူ ပျော်ရွှင်ရပါတယ်'' ဟု ၄င်း၏ ပျော်ရွှင် မှု အားဖွင့် ဟသွားသည်။
ရွိုင်းဟော့ဆန် သည် ယူကရိန်း နှင့် ပွဲစဉ် အတွက် အင်္ဂလန် အသင်း ၏ လူ စာရင်း ကို ကြေငြာ ရာတွင် ပွဲပယ် ပြစ် ဒဏ် ခံရမည့် ဒန်နီဝဲလ်ဘတ် ၏ နေရာ မှ လွဲ ရ်ျ ကျန် နေရာ များ ပြောင်းလဲမှု မရှိကြောင်း ပြောဆိုသွား သည်။ ရွိုင်းဟော့ဆန် က '' အသင်းမှာ အပြောင်း အလဲ တခုဘဲ ရှိပါတယ် ။ အဲ့ဒါက တော့ ၀ဲလ်ဘတ် ရဲ့ နေရာမှာ အစားထိုး ကစား မဲ့ သူပါဘဲ '' ဟု ပြောသွားသည်။
ဆက်လက်ပြီး ယူကရိန်း အသင်း နှင့် ပတ်သတ် ရ်ျ ရွိုင်းဟော့ဆန်က ''ယူကရိန်း အသင်း ဟာ အသင်း ကောင်း တသင်းပါ။သူတို့ ရော ကျွန်တော် တို့ ပါ အုပ်စု ကို ဖြတ် ကျော် နိုင်စွမ်း ရှိ ပါတယ်။ ဘယ် အသင်း အုပ်စု တက်မလဲ ဆို တာ ပြော လို့ မရပါဘူး ။ ဒါကြောင့် ဒီ ပွဲစဉ်ဟာ ဖလား ဗိုလ်လုပွဲ တခု လိုယှဉ် ပြိုင် ကစား ရမှာပါ။ အုပ်စု အတွင်း အရေးကြီး တဲ့ ပွဲစဉ် တပွဲ ဖြစ် တာကြောင့် ဒီပွဲ နိုင် သွားတဲ့ အသင်းက အုပ်စု တက် ဖို့ အခွင့် အရေးကောင်း သွားမှာပါ '' ဟု မီဒီယာ သို့ ပြောသွား သည်။
Ref - http://football-cafe.com


0 comments:
Post a Comment