ပုံမှာ တွေ့ ရ တာ က သူ့  ရဲ့  တောင်အာဖရိက နိုင်ငံ နိုင်ငံ ကူးလက်မှတ် အတု ဖြစ် ပါတယ်။
နိုင်ငံတကာ ရဲတပ် ဖွဲ့ (အင်တာပို) နဲ့  ကင်ညာ အစိုးရ က " ဖြူဖတ်ဖြူရော် မုဆိုးမ " လို့  လျှို့  ၀ှက် အမည် ရတဲ့ ဗြိတိသျှ အမျိုး သမီး ဆမန်သာ လျုဝိတ် Samantha Lewthwaite ကို အပူ တပြင်း လိုက်လံ ရှာဖွေ နေ ပါတယ်။ ဆမန်သာ ရဲ့  ခင် ပွန်း က ၂၀၀၅ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့  လန်ဒန် အကြမ်းဖက် တိုက် မှု မှာ အသေခံ ဗုံး ခွဲ ခဲ့ သူ တစ်ယောက် ဖြစ် ပြီး
သူ က တော့ နောက် ပိုင်း မှာ နိုင်ငံ ဖြတ် ကျော် အကြမ်းဖက် ကျွမ်းကျင် သူ
တွေ နဲ့  အဆက် အသွယ် ရ ပြီး ၀တ်စဂိတ် ရှေ့ ပင်းမော စီးနင်း ပြန်ပေး ဆွဲ မှု ကို အချိန် ယူ ပြီး စနစ် တကျ အကွက် ချ စီစဉ် ခဲ့ သူ လို့  ကင်ညာ အစိုးရ က သတင်း ထုတ် ပြန်ထား ပါတယ်။

၂၀၁၁ခုနှစ် က ဆမန်သာ ရဲ့  မွမ်ဘာဆာ တိုက်ခန်း မှာ ပေါက် ကွဲ စေတတ်တဲ့ ပစ္စည်း တွေ ရှိတဲ့ သတင်းအရ ကင်ညာ ရဲ က ၀င်စီးရာ မှာ သူက အလျှင် အမြန် ရွှေ့  ပြောင်း ပြီး လက်စ ဖျောက် နိုင်ခဲ့ ပါတယ်။

နိုင်ငံ တကာ တန်ပြန် အကြမ်းဖက် ဌာန နဲ့  ရဲတပ် ဖွဲ့ က ဆမန်သာ ကို တွေ့ ရင် အကြောင်း ကြား ပါ လို့  နိုင်ငံ ပေါင်း ၁၉၀ ကျော် ကို ကြာသပတေး နေ့ မှာ အကြောင်း ကြားထား ပါတယ်။

၂၀၀၅ ခုနှစ် မှာ သူ့  ရဲ့  ခင်ပွန်း အကြမ်းဖက် သမား ဂျာမိန်း လင်းဆေး သေဆုံး ပြီး တဲ့ နောက် မှာ Jermaine Grant ဆိုတဲ့ ဗြိတိသျှ အစ္စလာမ် စစ်သွေးကြွ နဲ့  ကင်ညာ မှာ မထင် မရှား ချစ်လု နီး ပါး ဖြစ်ခဲ့ တယ်လို့  တန်ပြန် အကြမ်းဖက် က သတင်း ထုတ် ပြန် ပါတယ်။

ဂျာမိန်း ကို ဖမ်းဆီး ချိန် မှာ ဆမန်သာ လွတ်မြောက် သွား ခဲ့ ပါတယ်။ အစောပိုင်း နှစ် တွေ မှာ ဂျာမိန်း ရဲ့  အဆက် အသွယ်နဲ့  ပဲ အယ်(လ)ရှာဘတ် နဲ့  အဆက် အသွယ် ရခဲ့ တာဖြစ် ပါတယ်။

ဝတ်(စ) ဂိတ် ဈေးတန်း ကြီး ကို စီနင်း ရာ မှာ ဆမန်သာ ပါ ၀င်ခဲ့ ပြီး
လုံခြုံရေး တပ် ဖွဲ့  တွေ ရောက် လာ တော့ ဈေးဝယ် ဟန် ဆောင် ပြီးပေါက် ကွဲ မှု ပစ်ခတ် မှု တွေ ကြား မှာ ရဲ တပ် ဖွဲ့  ကို " ကျွန် မ ကြောက် လိုက်တာ အကို အိမ်အရောက် ပို့ ပေး ပါ" လို့  အယုံ သွင်း ပြီး လွတ် မြောက် သွားတာ ဖြစ် ပါတယ်။
Freedom News Group(Burma)

0 comments:

Post a Comment

 
Top