ရီးရဲလ်မက်ဒရစ်နှင့် ပြင်သစ် ဂန္တ၀င် ဇီဒန်းက ၎င်းအတွက် ခရစ္စတီယာနို ရော်နယ်ဒိုနှင့် ရီဘာရီတို့သည် ဘာစီလိုနာ စူပါစတား မက်ဆီထက် ထူးချွန်သော ကစားသမားများ ဖြစ်ကြောင်း မှတ်ချက်ပြုလိုက်သည်။
အကောင်းဆုံး ကစားသမားဆုနှင့် ပတ်သက်ပြီး ဇီဒန်းက - "ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဆုကို ပေးခွင့် ရမယ်ဆိုရင်၊ တစ်ဆုကို ခရစ္စတီယာနိုကိုပေးမယ်၊ နောက်တစ်ဆုကို ရီဘာရီကို ပေးမယ်၊ သူတို့နှစ်ယောက် စလုံးဟာ ဒီဆုနဲ့ ထိုက်တန်တဲ့ ကစားသမားတွေပါ၊ စိတ်မကောင်း စရာကတော့ ဒီဆုက တစ်ယောက်တည်းကိုပဲ ပေးလို့ ရတယ်" ဟု ပြောကြား သွားခဲ့သည်။
ယခုနှစ် အတွက် ဥရောပ အကောင်းဆုံးဆုကို ရီဘာရီက ဆွတ်ခူး ရရှိခဲ့ပြီး၊ ကမ္ဘာ့အကောင်းဆုအတွက်ကိုမူ မကြာခင် မဲပေး ရွေးချယ် တော့မည်ဖြစ်ပြီး၊  ဇီဒန်းက အဆိုပါ ဆုသည် စီရော်နယ်ဒိုနှင့် ရီဘာရီတို့ နှစ်ဦးစလုံးဖြင့် ထိုက်တန်ကြောင်း ပြောကြား သွားခဲ့သည်။
Written by အောင်ဇော်လတ်(မိုးနဲ)

0 comments:

Post a Comment

 
Top