ချယ်လ်ဆီး အသင်း၏ နည်းပြ ဟောင်း ဖြစ်သည် အေဗရန် ဂရန့် အနေဖြင့် လက်ရှိ နည်းပြ မော်ရင် ဟို ၏ လက်အောက် တွင် ကွင်းလယ် လူ မာ တာ အနေဖြင့် နေရာ မရရှိဘဲ ဖြစ်နေသည့် အပေါ် နားလည် ရခက် ကြောင်း ၀န် ခံ သွားသည်။ မာတာ သည် ယခုနှစ်  ရာသီတွင် ချယ်လ်ဆီး အသင်း အတွက် သုံးပွဲ သာ ကစားခွင့် ရထားပြီး ၊ ဖူလ် ဟမ်အသင်း အား အနိုင်ရ ရှိခဲ့ သော စနေ နေ့ ပွဲစဉ် တွင် လဲ နည်းပြ မော်ရင်ဟို ၏ ချန်လှပ် ခြင်းကို ခံခဲ့ ရသည်။ မော် ရင်ဟို သည် မာတာ အား အသင်း ၏ လိုအပ် ချက် နှင့် ကိုက်ညီ အောင် ကစားတတ် ရမည် ဖြစ် ကြောင်း သတိပေး ထားသည် ဟု သိရသည်။ မာတာ သည် အသင်း၏ တစ်နှစ်တာ အကောင်း ဆုံး ကစား သမား ဆု ကို ပြီးခဲ့ သည့် နှစ်ရာသီ ဆက် တိုက် ရယူ ထားသူ ဖြစ်သည်။ သို့ သော် လဲ ဂရန့်သည် စပယ်ရှယ် ၀မ်း အနေ ဖြင့် မာတာ အား ချန်လှပ် ရသည့် အကြောင်း ရင်း တရပ်ရပ် ရှိနိုင်ကြောင်း ၊ သို့ သော်လဲ ယခု ကဲ့ သို့ ရုတ် တရက် လျစ်လျူ ရှု ထား သည့် အပေါ် နားမလည် နိုင် ကြောင်း ပြောသွား ခဲ့သည်။

ဂရန့်က "ကျွန်တော့ အနေ နဲ့ တော့ မာတာ ကိုချန်လှပ် ထားတဲ့ အပေါ် နားမလည် နိုင်ပါဘူး။ ဒါပေမဲ့ မာတာ ရဲ့ နေရာ မှာ ကစားနိုင် တဲ့ ကစား သမားတွေ လဲ အများကြီး ရှိနေတာ လဲပါမှာပါ။ အကယ်ရ်ျ အော်စကာ၊ ဟာဇက် သို့မဟုတ် ၀ီလီယံ တို့သာ ကစားခွင့် မရဘူး ဆိုရင် ပရိတ်သတ် တွေက ဘာ ကြောင့် ကစားခွင့် မရတာလဲ လို့ မေးပါလိမ့် မယ်။မန် နေဂျာ တယောက် ဟာ ဆုံး ဖြတ်ချက် တခု ကို ချတတ် ရပါမယ်။ ဒါပေမဲ့ ဒီကိစ္စ က ဆုံးဖြတ်ချက် လွယ်လွယ် နဲ့ ချလို့ ရတဲ့ အရာ တော့ မဟုတ်ပါဘူး ။ ဂျို့စ်( မော်ရင်ဟို) အနေ နဲ့ ဒီကိစ္စ ကို အကောင်းဆုံး ကိုင် တွယ် နိုင် ပါတယ် " ဟူရ်ျ ပြောသွားခဲ့ သည်။

မာတာ ၏ စတမ်းဖို့ဒ် ဘရစ် အနာဂတ် နှင့် ပတ်သတ် ရ်ျ ဂရန့်က "ကျွန်တော့ အထင်တော့ သူ ဆက်ရှိ နေမှာ ပါ။ သူဟာ ကစားသမား ကောင်း တယောက် ဖြစ်သလို ပွဲစဉ် အများစု ကို အနိုင်ရ အောင် ကစားနိုင်ခဲ့ တယ်။ တိုက်စစ်မှူး တွေ အတွက် ဂိုးသွင်း ခွင့် ဖန်တီး ပေးတတ် သလို ကိုယ်တိုင် လဲ ဂိုးတွေသွင်း ယူခဲ့ ပြီးပြီ " ဟူရ်ျ ပြောသွားသည်။
  Written by ဒီးရမ် (မနောမြေ)

0 comments:

Post a Comment

 
Top