လမ်းမတော်မြို့နယ် လှည်းတန်းလမ်း ဒီဇင်ဘာ ၁၆ ရက်နေ့ ည ၇နာရီ ခွဲ ဝန်းကျင် အချိန် ၌ ကားပါကင်နေရာ လုကြရာမှ လူသတ်မှုဖြစ်ပွါးခဲ့ကြောင်းသိရသည်။
အဆိုပါလမ်းနေ အိမ်အမှတ် ၅၆ မှ ၄လွှာတွင်နေထိုင်သူ နှင့် ၆ လွှာတွင်နေထိုင်သူ တို့ ကားပါကင်နေရာ ကိစ္စ စကားများကြရာမှ ၄ လွှာတွင်နေထိုက်သည့် ဦးစိုးလှိုင် မှာ ဓါးထိုးခံရကာ ရန်ကုန်ဆေးရုံတွင်သေဆုံခဲ့ကြောင်းသိရသည်။
ယင်းဖြစ်စဉ်တွင် သေဆုံးသူ ဦးစိုးလှိုင် မှာ သားဖြစ်သူ စကားများရာသို့  သွားရောက်စဉ် ဓါးထိုးခံရခြင်းဖြစ်ကြောင်း ပြစ်မှုကျုးလွန်သူဟု ယူဆရသူမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်းအနီးပတ်ဝန်းကျင် နေထိုင်သူ အချို့က ပြောသည်။
ယင်းအမှုအား ပုဒ်မ ၃၀၂ -ပ/၂၃၃/၂၀၂၅ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်နေကြောင်း လမ်းမတော်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လင်းလင်းအောင်
News Watch

0 comments:

Post a Comment

 
Top